နမ္မတူ နမ့်​​တောင်​ကုန်းဘက်​ တိုက်​ပွဲပြင်းထန်​ပြီး ​တိုက်​ပွဲအတွင်း ​လေယဉ်​များ ပါဝင်​ခဲ့

Photo - မိုင်းအနိုင်​၊ မားနဂါး
မတ်​လ ၂၀ရက်​၊ မားနဂါး၊ နမ္မတူ

နမ္မတူမြို့နယ်​ နမ့်​​တောင်​ကုန်းအနီးတစ်​ဝိုက်​ အစိုးရတပ်​မ​တော်​၊ RCSS နှင့်​ TNLAတို့ လှုပ်​ရှားရာနယ်​​မြေတွင်​ ဒီက​နေ့ မတ်​လ ၂၀ရက်​​နေ့ မနက်​ပိုင်းမှ စတင်​ပြီးည​နေပိုင်းအထိတိုက်​ပွဲဆက်​လက်​ဖြစ်​ပွား​နေပြီး တိုက်​ပွဲအတွင်း အစိုးရတပ်​မ​တော်​ဘက်​မှ ​လေယဉ်​၂စီး လာ​ရောက်​ပစ်​ခဲ့သည်​။

မန်​စံ​ဒေသခံတစ်​ဦးက "မနက်​ကတည်းက နမ္မတူစစ်​တပ်​​တောင်​ကုန်းက​နေ လက်​နက်​ကြီး​တွေထု​နေတာ။အလုံး ၁၀လုံး​ကျော်​​လောက်​ရှိတယ်​။ ​နေ့လည်​ပိုင်းလည်း​ရောက်​​ရော တိုက်​ပွဲက ပြင်းထန်​လားမသိဘူး။ ​လေယဉ်​ပျံ​နဲ့​တောင်​ လာပစ်​​နေကြတယ်​။ ဒီည​နေပိုင်းလည်း တစ်​စီးထပ်​လာတယ်​"ဟု ​ပြောသည်​။

၎င်းတိုက်​ပွဲနှင့်​ ပတ်​သက်​ပြီး TNLA နှင့်​ RCSS တို့ဖြစ်​​နေသည့်​တိုက်​ပွဲဖြစ်​သွားပြီး တပ်​မ​တော်​ဘက်​မှ ​လေ​ကြောင်းလာ​ရောက်​ပစ်​ကူခဲ့​ကြောင်း TNLAဘက်​မှ စတင်းထုတ်​ပြန်​ထားပြီး ​ထိခိုက်​သည့်​​ဒေသခံရှိမရှိကို မသိရှိရ​သေး​ချေ။


အဆိုပါ တိုက်​ပွဲ​ကြောင့်​ အနီးနားရှိ ​ကျေးရွာများလည်း မန်​စံထဲသို့ စတင်​ဝင်​​ရောက်​လာပြီဖြစ်​​ကြောင်း သိရသည်​။

နမ္မတူနယ်​အတွင်း ဖြစ်​ပွားခဲ့သည့်​ အစိုးရတပ်​မ​တော်​၊ TNLA နှင့်​  RCSSတို့ တိုက်​ပွဲ​ကြောင့်​ လားရှိုး၊မန်​စံ၊အီနိုင်း​ကျေးရွာနှင့်​ နမ္မတူမြို့များတွင်​ စစ်​​ရှောင်​ဒုက္ခသည်​ အများအပြားထွက်​​ပြေးတမ်း​ရှောင်​​နေရဆဲဖြစ်​သည်​။

မိုင်းအနိုင်
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
နမ္မတူ နမ့်​​တောင်​ကုန်းဘက်​ တိုက်​ပွဲပြင်းထန်​ပြီး ​တိုက်​ပွဲအတွင်း ​လေယဉ်​များ ပါဝင်​ခဲ့ နမ္မတူ နမ့်​​တောင်​ကုန်းဘက်​ တိုက်​ပွဲပြင်းထန်​ပြီး ​တိုက်​ပွဲအတွင်း ​လေယဉ်​များ ပါဝင်​ခဲ့ Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.