ပုလဲကျွန်းကို ကမ္ဘာလှည့်ခရီးသွားနေရာဖြစ်ဖို့ အစီအစဉ်ရေးဆွဲ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ပုလဲကျွန်းကိုတွေ့ရစဉ်
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာရှိတဲ့ ပုလဲကျွန်းကို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာ တစ်ခုဖြစ်လာဖို့အတွက် ပြည်နယ်အစိုးရက အစီအစဉ်ရေးဆွဲ ဆောင်ရွက်နေတယ်လို့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းက ဒီနေ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး မှာ ပြောခဲ့ပါတယ်။

သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက အဲဒီပုလဲကျွန်းကို သဘာဝတောအဖြစ် ထားရှိပြီး နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်ရာ ကျွန်းတစ်ကျွန်းအဖြစ် အကောင်အထည်ဖော်ဖို့အစီအစဉ် ရှိ မရှိ မေးခွန်းမေးမြန်းရာမှာ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်း က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

သံတွဲမြို့နယ်မှာရှိတဲ့ အပေါ်ရေကျွန်း(ခေါ်)ပုလဲကျွန်းဟာ ငပလီကမ်းခြေနဲ့ တစ်မိုင်ကျော်လောက်အကွာမှာ တည်ရှိတာဖြစ်ပြီး ဧရိယာ ၁၀၈ ဧကလောက် ကျယ်ဝန်းပါတယ်။

၁၉၇၆ ခုနှစ်ကစပြီး အဲဒီကျွန်းမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပေမယ့် လက်ရှိမှာတော့ အဲဒီလုပ်ငန်းတွေမရှိတော့တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာထားရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
ပုလဲကျွန်းကို ကမ္ဘာလှည့်ခရီးသွားနေရာဖြစ်ဖို့ အစီအစဉ်ရေးဆွဲ ပုလဲကျွန်းကို ကမ္ဘာလှည့်ခရီးသွားနေရာဖြစ်ဖို့ အစီအစဉ်ရေးဆွဲ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.