မန္တလေးမြို့ လူစုလူဝေးနဲ့ပတ်သက်ပြီး ၁၁ ဦးကို အမှုဖွင့်

မန္တလေးမြို့ အမှတ် ၄ ရဲစခန်းမှာ လူစုလူဝေးဖြစ်ခဲ့တာကြောင့် လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့ညက တွေ့ရစဉ်။ Photo: Khaymani Win/ RFA
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ် ၄ ရဲစခန်းရှေ့မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ပတ်သက်ပြီး လူ ၁၁ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

သက်ဆိုင်ရာဥပဒေပုဒ်မတွေနဲ့ အရေးယူထားတာဖြစ်တယ်လို့ ဒုရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

မန္တလေးမြို့ မြောက်ပြင်၊ အမရဌာနေ အရှေ့ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ ကျူးလွန်သူ ကို အမှတ် ၄ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာကို ထုတ်ပေးဖို့ လူအင်အား ၅၀၀ ခန့်က မနေ့ညက ရဲစခန်းရှေ့ မှာ ၀ိုင်းဝန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပါတယ်။

အဲဒီလူတွေဟာ မန္တလေးခရိုင် အခြားမြို့နယ်တွေကဖြစ်ပြီး သူတို့နဲ့အတူပါလာတဲ့ ဆိုင်ကယ် ၁၄ စီးကိုလည်း သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သက်ငယ်မုဒိမ်းမှုကျုးလွန်သူကို ဥပဒေနဲ့အညီတရားစွဲတင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဒုရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
မန္တလေးမြို့ လူစုလူဝေးနဲ့ပတ်သက်ပြီး ၁၁ ဦးကို အမှုဖွင့် မန္တလေးမြို့ လူစုလူဝေးနဲ့ပတ်သက်ပြီး ၁၁ ဦးကို အမှုဖွင့် Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.