အောင်မြေသာစံမြို့နယ်တွင် သံဃာတော်တစ်ပါး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

(Photo: ပရဟိတမင်း​ခေါင်​)
မတ်လ ၁၉ရက်နေ့ နံနက် ၀၈း၅၀နာရီအချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၀)၊ အရိပ်​မထွက်​ဘုရားအနီး မိခင်​ဆန္ဒဓမ္မာရုံတွင် အသက် ၅၀နှစ်ခန့်ရှိ ဦးပညာနန္ဒသည် ဂန္ဓကုဋီတိုက်အဝင်ဝ၌ ကြိုးဆွဲချ ပျံလွန်တော်မူကြောင်း သိရသည်။

ပျံလွန်တော်မူသည့် သံဃာတော်သည် မတ္တရာတိုက်၊ မိခင်ဆန္ဒဓမ္မာရုံကျောင်းတွင် သီတင်းသုံးလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ထနောင်းဝင်းကျေးရွာမှ ဖြစ်ကာ သက်တော်(၅၀)နှစ်၊ ဝါတော် (၆)ဝါ၊ လူအမည် ဦးမြသာ ဖြစ်၍ ဂန္ဓကုဋီတိုက်အဝင်ဝ အမြင့် ၈ပေခန့်ရှိ မုခ်ဦးတွင် အရှည် ၅ပေခန့်ရှိ အဝတ်စအား ကျစ်ထားသောကြိုးဖြင့် ကြိုး
ဆွဲချခဲ့ခြင်းဖြစ်ကာ ၎င်း၏ လည်ပင်း၌ "စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက် ခံစားနေရပြီး မခံနိုင်တော့ကြောင်း၊ ခန္ဓာကိုယ်နှင့် မျက်ကြည်လွှာ လှူထားသည့်အတွက် လှူဒါန်းပေးပါရန်"တို့ ရေးသားထားသည့် ကတ်ထူစက္ကူပြားကိုလည်း ဆွဲထားကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အခင်းဖြစ်ပွားရာသို့ အမှတ်(၄)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးပြီး အလောင်းအား ဆေးရုံကြီးသို့ပို့အပ်ခဲ့ရာ (PR-24)ဖြင့်လက်ခံထားရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အမှတ်(၄)နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၈)ဖြင့် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
အောင်မြေသာစံမြို့နယ်တွင် သံဃာတော်တစ်ပါး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား  အောင်မြေသာစံမြို့နယ်တွင် သံဃာတော်တစ်ပါး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.