သီရိလင်္ကာမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာ


သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန္ဒီမြို့မှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားတဲ့ အကြမ်းဖက် သွေးထွက်သံယိုမှုတွေကြောင့် အရေးပေါ်အခြေအနေ ၁၀ ရက် သတ်မှတ်ကြေညာခဲ့ရတယ်လို့ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

မငြိမ်သက်မှုတွေ တခြားနေရာတွေထိ မကူးစက်သွားဖို့ အရေးပေါ်အခြေအနေ ၁၀ ရက်ကြေညာလိုက်ရပြီး FaceBook ပေါ်ကနေ အကြမ်းဖက် သွေးထွက်သံယိုမှုတွေဖြစ်အောင် လှုံ့ဆော်နေသူတွေကိုပါ ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တယ်လို့ အစိုးရပြောခွင့်ရသူက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

လူအုပ်ကြီးက မွတ်စလင်ပိုင် ဈေးဆိုင်တစ်ခုကို မီးရှို့လိုက်ပြီးတဲ့နောက် အစိုးရက စစ်သားနဲ့ ရဲကွန်မန်ဒိုတပ်တွေကို ကန္ဒီမြို့ကို စေလွှတ်လိုက်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင် အသိုင်းအဝိုင်းနှစ်ခုကြားက တင်းမာမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပိုပြီး ပြင်းထန်လာတာဖြစ်ပါတယ်။ မွတ်စလင်တွေဟာ လူတွေကို ဖိအားပေးပြီး အစ္စလာမ်ဘာသာကို ပြောင်းခိုင်းနေသလို ရှေးဟောင်းဗုဒ္ဓဘာသာနယ်မြေနဲ့ အဆောက်အဦးတွေကိုလည်း ဖျက်ဆီးပစ်တယ်လို့ ဒေသခံလူများစု ဗုဒ္ဓဘာသာဝင်တွေက ပြောဆိုပါတယ်။

ဗုဒ္ဒဘာသာဝင်တချို့ဟာ မြန်မာနိုင်ငံကရောက်လာပြီး သိရီလင်္ကာနိုင်ငံထဲမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကိုလည်း ဆန့်ကျင်ဆန္ဒပြကြပါတယ်။

Photo: REUTERS
RFA Burmese
https://www.facebook.com/rfaburmese/
သီရိလင်္ကာမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာ သီရိလင်္ကာမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.