မလေးရှားက အတိုက်အခံ အမျိုးသမီး နာဂျစ်နဲ့ ပြိုင်မယ်လို့ ကြေညာ


မလေးရှားနိုင်ငံမှာ ခုနောက်ပိုင်း ထင်ရှားလာတဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသမီး မာရီယာချင်း အဗ္ဗဒူလာက လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလို ကြေညာတာဟာ လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို ဖယ်ရှားဖို့ အတိုက်အခံတွေဘက်က ကြိုးပမ်းချက်ဖြစ်တယ်လို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ မာရီယာချင်းအဗ္ဗဒူလာဟာ ပြီးခဲ့တဲ့နှစ်တွေက ဝန်ကြီးချုပ် နာဂျစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဦးဆောင်ခဲ့သလို၊ ၂၀၁၆ မတ်လကလဲ ဆန္ဒပြပွဲကြောင့် အဖမ်းခံရပြီး ၁၀ ရက်လောက် အချုပ်မှာ နေခဲ့ရပါတယ်။

သူ့အနေနဲ့ လွတ်လပ်တဲ့သူတစ်ယောက်အနေနဲ့ ရပ်တည်သွားမှာဖြစ်ပေမယ့်၊ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ဦးဆောင်ဖွဲ့စည်းထားတဲ့ မျှော်လင့်ချက်အတွက် ပေါင်းစည်းမှုလို့ အဓိပ္ပါယ်ရတဲ့ “ ပကာတန်ဟာရာပန် ” ညွန့်ပေါင်းအဖွဲ့ရဲ့ အလံတော်အောက်ကနေ ရွေးကောက်ပွဲဝင်မှာလို့ မာရီယာက ပြောပါတယ်။

သူဟာ ဝမ်ဆိုင်ဖူးလ် ဝမ်ဂျန်ဆိုတဲ့ ဉာဏ်ကြီးရှင်အဖွဲ့ ဥက္ကဌဟောင်း ပြီးရင်၊ မလေးရှား နိုင်ငံရေးလောကမှာ အခုနောက်ဆုံး ထင်ရှားလာတဲ့သူ ဖြစ်ပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားက အတိုက်အခံ အမျိုးသမီး နာဂျစ်နဲ့ ပြိုင်မယ်လို့ ကြေညာ မလေးရှားက အတိုက်အခံ အမျိုးသမီး နာဂျစ်နဲ့ ပြိုင်မယ်လို့ ကြေညာ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.