သက်ငယ်မုဒိန်းတရားခံ ထုတ်ပေးဖို့ ရဲစခန်းရှေ့မှာ တောင်းဆိုတဲ့ လူအုပ်ထဲက (၁၁)ဦးကို ဖမ်းစီး


သက်ငယ်မုဒိန်းမှုကျူးလွန်သူကိုထုတ်ပေးဖို့ ရဲစခန်းရှေ့မှာတောင်းဆိုခဲ့တဲ့ လူအုပ်ထဲက(၁၁)ဦးကို ဖမ်းစီးအရေး ယူထား တယ်လို့သိရပါတယ်။ မနေ့က မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းရှေ့မှာ အမည်မသိ လူအုပ်ကြီးက အဓမ္မမှုကျူးလွန်သူ ကိုထုတ်ပေးဖို့ တောင်းဆို လာတဲ့အတွက် သေနတ်တစ်ချက်ပစ်ဖောက် ဖြိုခွဲခဲ့ရတာဖြစ်တယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောပါတယ်။


 ဖြစ်စဉ် ကတော့ အောင်မြေသာစံ မြို့နယ် အမရဌာနီရပ်ကွက် မှာနေထိုင်တဲ့ အသက်(၇) နှစ်အရွယ် မိန်းကလေးငယ်ကို နေအိမ်ချင်းကပ်လျက် နေထိုင်သူ ကျော်စိုး(၄၈)နှစ်ဆိုသူက နောက်အဂါင်္ကို လက်နဲ့နှိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီလိုအဓမ္မ ပြုကျင့်ခဲ့သူကျော်စိုးကို အောင်မြေသာ စံမြို့နယ် အမှတ်(၄)နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၇ နဲ့အမှုဖွင့် ဖမ်းစီးအရေးယူထားတာဖြစ်ပါတယ်။

သတင်း-ရဲရင့်မာန်(မန္တလေး)
ဓာတ်ပုံ-ရဲရင့်မာန်(မန္တလေး)
5 PLUS NEWS
https://www.facebook.com/5plusnews
သက်ငယ်မုဒိန်းတရားခံ ထုတ်ပေးဖို့ ရဲစခန်းရှေ့မှာ တောင်းဆိုတဲ့ လူအုပ်ထဲက (၁၁)ဦးကို ဖမ်းစီး သက်ငယ်မုဒိန်းတရားခံ ထုတ်ပေးဖို့ ရဲစခန်းရှေ့မှာ တောင်းဆိုတဲ့ လူအုပ်ထဲက (၁၁)ဦးကို ဖမ်းစီး Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.