သက်ကျေးရွာကို တိုက်ခိုက်၍ မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာသည့် ဘင်္ဂလီ ၆၀၀ ကို ဘင်္ဂလာရဲက အမှုဖွင့်

(ဓာတ်ပုံ- ဒဏ်ရာရသူ သက်လူမျိုး ၂ ဦး)
နိရဉ္စရာ၊ မတ် ၂၀

ဘင်္ဂလာဒေ့ရှ် နိုင်ငံ အိုကီးယားမြို့နယ် ပလောင်ခါလီဒေသ တေခိုလာသက် (သက္ကမာ) လူမျိုးနေထိုင်သည့် ကျေးရွာအား မြန်မာနိုင်ငံမှ ထွက်ပြေး ခိုလုံလာသည့် ဘင်္ဂလီတစ်ထောင်ခန့်က တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်သည့် အတွက် ဘင်္ဂလာဒေ့ရှ်ရဲက လူပေါင်း ၆၀၀ ကို အမှုဖွင့်ထားကြောင်း Cox’sbazar News တွင် သတင်းဖော်ပြသည်။

၎င်းသတင်းကို အိုကီးယား သက်လူမျိုးများ ရိုက်ပုတ်ခံရ উখিয়ায় চাকমা পল্লীতে হামলার ঘটনায় মামলা ခေါင်းစဉ်ဖြင့် ဖော်ပြရေးသားရာတွင် လွန်ခဲ့သည့် စနေနေ့ နံနက် အစောကြီးက ဘာလူခါလီ ဒုက္ခသည် စခန်းမှ ဘင်္ဂလီ ၁၅ - ၂၀ ဦးခန့် ထင်းခွေရန်လာစဉ် တေခိုလာရွာအနီးအနားရှိ သက်လူမျိုးများပိုင်ဆိုင်သည့် ကွမ်းခင်းမှ တိုင်များကို နုတ်ယူခြင်း၊ စိုက်ခင်းများထဲမှ ငှက်ပျောသီးများ အပါအ၀င် နနွင်း၊ ချင်း၊ ငရုတ်သီးများကို အတင်းဓမ္မ ယူဆောင်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်သည်ကို သက်ကျေးရွာသားများက ဟန့်တားရာစကားများ ရန်ဖြစ်ပြီး သက်လူမျိုးများ ရိုက်ပုတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းနောက် ထိုဘင်္ဂလီများသည် စခန်းသို့ ပြန်သွားပြီးနောက် စခန်းထဲမှ လူများကို စုရုံးပြီး တစ်ဖန် ၎င်းသက်ကျေးရွာသို့ ပြန်လာပြီး တုတ်ဓားများဖြင့် ၀ိုင်းဝန် တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

တိုက်ခိုက်ရာတွင် လူပေါင်း တစ်ထောင်ခန့် ပါဝင်ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဦးမောင်သာ၏ သားဖြစ်သူ ချူခင်နု (၃၂) နှစ်နှင့် ရော်ဘီစင်သား ကျော်စိန် (၅၅) နှစ်တို့ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကျေးရွာ လူကြီး ဖြစ်သူ ဦးဘနု (Head Man) က ရဲကို အကြောင်းကြား၍ ရဲက လိုက်လာရာ ၎င်းဘင်္ဂလီများမှာ ထွက်ပြေးသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကျေးရွာ လူကြီး ဦးဘနုမှာ အမှုဖွင့်ရာ တနင်္ဂနွေနေ့က အိုကီယားရဲစခန်းမှ ရဲမှူး တစ်ဦးဖြစ်သူ AKM အီကဘာရ်ဟူစိန်က ၎င်းကျေးရွာသို့ လာရောက်ပြီး စစ်ဆေးခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်းတွင် အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သူ ၆၀၀ ခန့်ကို ရဲက အမှုဖွင့်လိုက်သည်ဟု သတင်းတွင် ရေးသားထားသည်။

Narinjara
https://www.facebook.com/Narinjara

သက်ကျေးရွာကို တိုက်ခိုက်၍ မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာသည့် ဘင်္ဂလီ ၆၀၀ ကို ဘင်္ဂလာရဲက အမှုဖွင့် သက်ကျေးရွာကို တိုက်ခိုက်၍ မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာသည့် ဘင်္ဂလီ ၆၀၀ ကို ဘင်္ဂလာရဲက အမှုဖွင့် Reviewed by THITHTOOLWIN on 07:43 Rating: 5
Powered by Blogger.