ပစ္စည်း မူပိုင်ခွင့်ကို တရုတ်က ခိုးယူနေတာကို ထရမ့် အရေးယူမည်

Photo: President Donald J. Trump - facebook
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ကို တရုတ်နိုင်ငံက ခိုးယူရယူနေတာကို မကြာခင် ကိုင်တွယ်ဖြေရှင်းခွင့်ရတော့မယ်လို့ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် Peter Navarro က မနေ့က ပြောကြားလိုက်ပါတယ်။

မညီမျှတဲ့ ကုန်သွယ်ရေး လုပ်နည်းလုပ်ဟန်တွေကို သမ္မတက သတ္တိရှိရှိဖြေရှင်းမယ့် ခြေလှမ်းတွေထဲက တလှမ်းဖြစ်ပါတယ်လို့ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

အမေရိကန်အစိုးရက စဉ်းစားသုံးသပ်နေတဲ့ ရွေးချယ်စရာ အချက်အလက် အသေးစိတ်ကို အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ်က မပြောကြားပါဘူး။ ဒါပေမဲ့ တရုတ် IT နည်းပညာ၊ ဆက်သွယ်ရေးနဲ့ လူသုံးကုန် ပစ္စည်းတွေပေါ် သမ္မတထရမ့်က ဒေါ်လာ ဘီလီယံ ၆၀ ထိ အခွန်ကောက်ပြီး တရုတ်ကုမ္ပဏီတွေမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံတဲ့ကိစ္စ ကန့်သတ်ဖို့ စဉ်းစားနေတယ်လို့ Reuters သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ပစ္စည်း မူပိုင်ခွင့်ကို တရုတ်က ခိုးယူနေတာကို ထရမ့် အရေးယူမည် ပစ္စည်း မူပိုင်ခွင့်ကို တရုတ်က ခိုးယူနေတာကို ထရမ့် အရေးယူမည် Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.