ဝန်ကြီးချုပ်လက်မှတ်အတုနဲ့ ငွေ(၂၅)သိန်း လိမ်ခဲ့တဲ့ မှုခင်းသတင်းထောက် တစ်ဦး ဖမ်းဆီးခံရ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်ရဲ့ လက်မှတ်အတုပါတဲ့ စာရွက်တွေပြပြီး ငွေ(၂၅)သိန်း လိမ်လည်ခဲ့တဲ့ မှုခင်းသတင်းထောက် တစ်ဦးကို မတ်လ(၁၅)ရက် ညနေပိုင်းက ဖမ်းဆီးလိုက်ပါတယ်။ ပုသိမ်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ အိမ်ငှားနေရတဲ့ တိုင်းရင်းသားတွေကို ပိုက်ဆံလိမ်လည်ခဲ့တာဖြစ်ပါတယ်။


 မှုခင်းသတင်းထောက်များအသင်း တိုင်းအမှုဆောင်သတင်းထောက် ကဒ်ပြားကိုင်ဆောင်ထားတဲ့ ဦးစိန်ထွန်း(ခ)စိန်ထွန်းချေဟာ ရခိုင်မိသားစုတစ်စုကို ပုသိမ်ကြိုးတံတားနားက တိုင်းဒေသကြီး ၀န်ကြီးချုပ်လက်မှတ်အတုနဲ့ ပေ(၅၀×၆၀)မြေကွက်လပ်တွေကို ပြပြီး နိုင်ငံတော်တံဆိပ်တုံးအတု၊ ၀န်ကြီးချုပ် ဦးလှမိုးအောင်ရဲ့ လက်မှတ်အတု ညွန်ကြားရေးမှူး လက်မှတ်အတုတွေပါတဲ့ စာရွက်ပြကာ (၂၀၁၇)ခုနှစ် ဒီဇင်ဘာလကစတင်ကာ (၇)ကြိမ် ငွေလိမ်ယူခဲ့တာ ဖြစ်တယ်လို့ အလိမ်ခံရတဲ့ မိသားစုကိုယ်တိုင်က ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

လိမ်တဲ့သူနဲ့ အလိမ်ခံရတဲ့မိသားစုရဲ့ နေအိမ်မှာ ဆိုင်ကယ်ပြင်ရင်း ရင်းနှီးရာကနေ ယုံကြည်ပြီး အခုလို အလိမ်ခံရမှ အစိုးရအဖွဲ့ရုံးနဲ့ စခန်းကိုလာရောက်တိုင်တန်းပြီး အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ပုသိမ်မြို့မ ရဲစခန်းက ရဲအုပ်မြင့်ထွန်းနိုင်က ပြောပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မှုခင်းသတင်းထောက် ဦးစိန်ထွန်း (ခေါ်) စိန်ထွန်းချေကို ပုသိမ်မြို့မရဲစခန်းက (ပ)၁၃၇ /၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၂၀(လိမ်လည်မှု) /၄၆၈ (လိမ်လည် လက်ရေးလတ်မှတ်အတုပြုလုပ်မှု)တို့နဲ့ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ကိုလတ်(ပုသိမ်)(5 Plus News)
https://www.facebook.com/5plusnews
ဝန်ကြီးချုပ်လက်မှတ်အတုနဲ့ ငွေ(၂၅)သိန်း လိမ်ခဲ့တဲ့ မှုခင်းသတင်းထောက် တစ်ဦး ဖမ်းဆီးခံရ ၀န်ကြီးချုပ်လက်မှတ်အတုနဲ့ ငွေ(၂၅)သိန်း လိမ်ခဲ့တဲ့ မှုခင်းသတင်းထောက် တစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.