ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ မတ် ၂၃

မတ် ၂၃ ရက်နေ့ နေ့လည် ၁၅း၀၀ နာရီအချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၄)ရပ်ကွက်၊ အင်ကြင်းလမ်း နှင့်ပုဂံလမ်းထောင့်ရှိ စွယ်တော်ကျောင်းတိုက် ဆွမ်းစားနှစ်ထပ်ဆောင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။


မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂၅)စီး၊ အုပ်ချုပ်မှု ယာဉ်(၂)စီးတို့ဖြင့် ရောက်ရှိငြှိမ်းသတ်လျက် ရှိရာ ၁၅း၂၀ အချိန် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.