ပျဉ်းမနားမြို့နယ် ကြံဘိုစုကျေးရွာ၌ မီးလောင်မှုဖြစ်ပွား နေအိမ် ၆ လုံး ဆုံးရှုံး

ပျဉ်းမနားမြို့နယ် ကြံဘိုစုကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
ပျဉ်းမနား မတ် ၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာအုပ်စု ကြံဘိုစုကျေးရွာ ၌  မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ဝါယာကြိုး အပူလွန်ကဲရာမှ နေအိမ်ခြောက်လုံး မီးလောင်မှုဖြစ်ပွားခဲ့ သည်။

ဖြစ်စဉ်မှာ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ကြံဘို စုကျေးရွာ ဦးလှထွန်း၏နေအိမ်၌ ဝါယာကြိုးအပူလွန်ကဲ ရာမှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ နေပြည်တော်မီးသတ်ဦးစီး ဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ၂၇ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁ဝ ဦး၊ မီးသတ်ယာဉ်ခြောက်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးတို့ဖြင့် ကျေးရွာနေပြည်သူများနှင့်အတူ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပျဉ်းမနားမြို့နယ် ကြံဘိုစုကျေးရွာ၌ မီးလောင်မှုဖြစ်ပွား နေအိမ် ၆ လုံး ဆုံးရှုံး ပျဉ်းမနားမြို့နယ် ကြံဘိုစုကျေးရွာ၌ မီးလောင်မှုဖြစ်ပွား နေအိမ် ၆ လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.