ကာလိမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား


ကာလိ မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကာလိမြို့၌ မတ် ၂၃ ရက် နံနက် ၆ နာရီ မိနစ် ၂ဝ တွင် အမှတ်(၁)ရပ်ကွက် ပြည်ထောင်စုလမ်းဘေး၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်နန်းခမ်းခေး၏ နေအိမ်အပေါ်ထပ် ဘုရားစင်တွင် ဆီမီး ပူဇော်ထားရာမှ ဖယောင်းတိုင်မီးလဲကျ၍ နေအိမ်အပေါ်ထပ် အတွင်းပိုင်းအား မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကာလိမြို့ ဒေသခံပြည်သူများ၊ ဌာန ဆိုင်ရာများ၊ ရဲအုပ်သူရထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကာလိမြို့ မီးသတ်တပ်ဖွဲ့ဝင် များက မီးသတ်ကားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၆ နာရီ မိနစ် ၅ဝ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ဒေါ်နန်းခမ်းခေး၏ နေအိမ်မီးလောင်ဆုံးရှုံးခဲ့ကာ ၎င်းအား ကာလိနယ်မြေရဲစခန်းက ဥပဒေအရအရေးယူထားကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကာလိမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား ကာလိမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.