သားမယားပြုကျင့်ရန်ကြိုးစားခဲ့ပြီး တိမ်းရှောင်နေသည့်သူ မြွေကိုက်ခံရလို့ ဆေးရုံတက်နေစဉ် အဖမ်းခံရ


ပေါင်းတည်၊ မတ်လ ၁၃။

ကျောင်းကြိုသွားတဲ့ မိန်းကလေးကို လမ်းကဖြတ်ဆွဲပြီး သားမယားပြုရန်ကြိုးစားတဲ့သူ (၃)လကျော်ကြာထွက်ပြေး တိမ်းရှောင်နေခိုက် မြွေကိုက်ခံရသဖြင့် ဆေးရုံတက်ရောက်စဉ် မတ်လ(၁၀)ရက်နေ့ က ဖမ်းဆီးခံရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ(၂၄)ရက်နေ့ညနေခန့်က ကျူးလွန်ခံရသူ ပေါင်းတည်မြို့နယ်လယ်သစ်ရွာဟောင်း ကိုင်းကွင်းအုပ်စုနေ အသက်(၁၇)နှစ်အရွယ် မ- - - - - သည် ညီမဖြစ်သူအား ကျောင်းကြိုသွားရောက်စဉ် ကျောင်းနှင့်ရွာကြားအရောက်၌ ပျဉ်ကြီးရွာဟောင်း ကြို့ကုန်းအုပ်စုနေ အဘဦးရတင်၏သားဖြစ်သူ ဇော်ဇော်မင်း(၁၉)နှစ်သည် နေအိမ်တစ်အိမ်အတွင်းမှ ထွက်လာကာ မ - - - အား လယ်ကွင်းအတွင်း အတင်းဆွဲခေါ်ကာ သားမယားပြုရန် ကြိုးစားသည့်အတွက်တိုင်ကြားခံရပြီး (၃)လကျော်ကြာ တိမ်းရှောင်နေခဲ့ရာမှ မြွေကိုက်ခံရသဖြင့် မှတ်တိုင်ဆေးရုံ၌ ဆေးဝါးကုသနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အမူမှ ဇော်ဇော်မင်းကို မှတ်တိုင်ရဲစခန်းမှ (ပ)၇၅/၁၇ ပုဒ်မ ၃၇၆/၅၁၁ဖြင့် အမူဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အောင်ကြီး(မြေလတ်ဒေသ)
Myae Latt Region News Agency
https://www.facebook.com/MLRnewsagency/
သားမယားပြုကျင့်ရန်ကြိုးစားခဲ့ပြီး တိမ်းရှောင်နေသည့်သူ မြွေကိုက်ခံရလို့ ဆေးရုံတက်နေစဉ် အဖမ်းခံရ သားမယားပြုကျင့်ရန်ကြိုးစားခဲ့ပြီး တိမ်းရှောင်နေသည့်သူ မြွေကိုက်ခံရလို့ ဆေးရုံတက်နေစဉ် အဖမ်းခံရ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.