ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆေးဝါးအတု ထုတ်လုပ်ဖြန့်ချိမှု စစ်ဆင်ရေး စတင်

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆေးဝါးအတု ထုတ်လုပ်ဖြန့်ချိမှု စစ်ဆင်ရေး စတင်
ပါရာစီတမောအပါအဝင် ဆရာဝန်ဆေးစာမပါပဲ အလွယ်တကူဝယ်လို့ရတဲ့ အိမ်သုံးဆေးဝါး အတုထုတ်လုပ်ဖြန့်ချီနေတာတွေကို နှိမ်နင်းမယ့်စစ်ဆင်ရေးသစ်ကို ဖိလစ်ပိုင် သမ္မတ ဒူတာတေးက စတင်လိုက်ပြီလို့ သူ့ရှေ့နေက ဒီနေ့ ပြောလိုက်ပါတယ်။

ဆေးတုထုတ်လုပ်ဖြန့်ချိရောင်းချသူတွေကိုဖမ်းဖို့ သမ္မတဒူတာတေး အမိန့်ထုတ်လိုက်ပြီလို့ သမ္မတရဲ့ ဥပဒေကောင်စီ အကြီးအကဲ ဆာလ်ဗေးဒိုးပါနီလို ကပြောပါတယ်။ အခုလိုဆေးတုထုတ်လုပ်ဖြန့်ချီတာ ဟာ နိုင်ငံစီးပွားရေးကိုတင်မကဘဲ၊ လူအများစုကျန်းမာရေးကို ဆိုးဝါးစေတဲ့အတွက် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့ဆိုပါတယ်။

ဝင်ငွေနဲတဲ့သူတွေ၊ အသင့်အတင့်ပဲရှိတဲ့သူတွေများတဲ့နိုင်ငံတွေမှာ ထုတ်လုပ်ရောင်းချနေတဲ့ဆေး ၁၀ ပုံ ၁ ပုံက အတု၊ ဒါမှမဟုတ် အရည်အသွေးမမှီတာတွေဖြစ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ကမ္ဘာတဝှမ်း ဆေးဝါးတုထုတ်လုပ်ဖြန့်ချိနေတဲ့ ပမာဏာဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ဖိုးလောက်ရှိတယ်လို့လဲ WHO ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

PRESIDENTIAL PHOTO
RFA Burmese
https://www.facebook.com/rfaburmese/
ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆေးဝါးအတု ထုတ်လုပ်ဖြန့်ချိမှု စစ်ဆင်ရေး စတင် ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆေးဝါးအတု ထုတ်လုပ်ဖြန့်ချိမှု စစ်ဆင်ရေး စတင် Reviewed by THITHTOOLWIN on 00:14 Rating: 5
Powered by Blogger.