သီပေါမြို့နယ်အတွင်း နွားများ တင်ဆောင်လာသော ကားပစ်ခတ်ခံရ


သီပေါ ၂၀၁၈ မတ်လ ၃၁ ရက် ။

ကျောက်မဲခရိုင် သီပေါမြို့နယ် ကုန်းသာကျေးရွာအနီးပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၁၈ မတ်လ ၃၁ ရက်နေ့ နေ့လည် ၂ကျော်နာရီအချိန်ခန့်က နွားများတင်ဆောင်လာသော ကားတစ်စီးကို ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာသီပေါမြို့နယ် ကုန်းသာကျေးရွာနှင့်စံလောင်းကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင် ၁၄၁/၅ အနီးတွင် မန္တလေးဘက်မှမူဆယ်ဘက်သို့ ဦး * * * ( ၄၀နှစ် ) မောင်းနှင်လာသော NISSAN အဖြူရောင် ၁၂ ဘီးယာဉ် 6B/ * * * *သည် Master Group ကုမ္ပဏီမှစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ပြည်ပတရားဝင်ပို့ကုန်အဖြစ်နွားများတင်ဆောင်မောင်းနှင်လာစဉ် အဆိုပါနေရာအရောက်တွင်အမည်မသိအရပ်ဝတ်ဝတ်ဆင်လျှက်ဆိုင်ကယ်ဖြင့်မောင်းနှင်လာသူ ၂ ဦးမှယာဉ်အရှေ့မှပိတ်ဆို့ရပ်တန့်ခိုင်းစဉ် ယာဉ်မှာအရှိန်မထိန်းနိင်ဘဲဆိုင်ကယ်အားပွတ်တိုက်မိရာဆိုင်ကယ်မှာဘေးသို့လဲကျသွားပြီး ဆိုင်ကယ်နောက်မှလိုက်ပါလာသှူမှရုတ်တရက်ထကာအသင့်ပါလာသောသေနတ်အတိုဖြင့်ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း ဦး * * * * အားထိမှန်ခဲ့ပြီးနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။


ဖြစ်ပွားရာနေရာသို့သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သူ နယ်စည်းမခြားပဟိတအသင်းမှကိုမျိုးက
" ကျွန်တော်တို့အဖွဲ့ကပစ်ခတ်ခံရတဲ့နွားကားကလူနာကိုသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ် အပစ်ခံရတဲ့သူကအဲဒီနေရာမှာပွဲချင်းပြီးသေဆုံးသွားပါတယ် အခြားဒါဏ်ရာရတဲ့သူတော့မရှိပါဘူး အလောင်းကိုသီပေါဆေးရုံကြီးကိုသယ်ယူပို့ဆောင်ပေးခဲ့ပါတယ် " ဟုပြောသည် ။

နွားများအားတရားဝင်သယ်ယူခွင့်ရရှိပြီးသည့်နောက်ပိုင်းကျောက်မဲခရိုင်အတွင်းတတိယအကြိမ်အဖြစ်နွားကားများတင်ဆောင်လာသောကားအားပစ်ခတ်ခံရခြင်းဖြစ်သည် ။

မင်္ဂလာထွန်း ( ကျောက်မဲ )
photo#ကိုမျိုး
Kyaw Kyaw Oo (FB)
သီပေါမြို့နယ်အတွင်း နွားများ တင်ဆောင်လာသော ကားပစ်ခတ်ခံရ သီပေါမြို့နယ်အတွင်း နွားများ တင်ဆောင်လာသော ကားပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.