မုံရွာမြို့နယ်တွင် မီးလောင်မှုကြောင့် နေအိမ် ၁၁ လုံးဆုံးရှုံး


ရန်ကုန် မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် မုံရွာမြို့နယ် ရုံးကြီးရပ်ကွက် ဗိုလ်ချုပ်လမ်း နယ်မြေ(၅)တွင် ယမန်နေ့နံနက် ၉နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ် ၁၁ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ် မီး သတ်စခန်းမှ မီးသတ်ယာဉ်လေးစီး ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီခွဲတွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် ၂၁x၁၄ ပေ သွပ်မိုး၊ ပျဉ်ကာ၊ နှစ်ထပ်နေအိမ် သုံးလုံး၊ ၂၁x၁၄ပေ သွပ်မိုး၊ ကပ်ကာ၊ နှစ်ထပ်နေအိမ်တစ်လုံး၊ ၂၈x၂၁ ပေသွပ်မိုး၊ ပျဉ်ကာ၊ နှစ် ထပ် နေအိမ်ခြောက်လုံး၊ ၁၂x၁ဝ ပေ သွပ်မိုး၊ ကပ်ကာ၊ နှစ်ထပ် နေအိမ်တစ်လုံး၊ စုစုပေါင်း နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီး လောင်ရသည့် အကြောင်းအရင်း ကို စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

ယူဒီနေ
The Union Daily
https://www.facebook.com/uniondaily.net
မုံရွာမြို့နယ်တွင် မီးလောင်မှုကြောင့် နေအိမ် ၁၁ လုံးဆုံးရှုံး မုံရွာမြို့နယ်တွင် မီးလောင်မှုကြောင့် နေအိမ် ၁၁ လုံးဆုံးရှုံး Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.