တောင်ကိုရီးယား ဂီတအဖွဲ့ မြောက်ကိုလွှတ်မယ်

 ပြုံချမ်း အိုလံပစ်က ကေပေါ့ ဖျော်ဖြေမှု
တောင်ကိုရီးယား ဖျော်ဖြေရေး အဖွဲ့တဖွဲ့ကို ဒီလကုန်မှာ မြောက်ကိုရီးယားကို ချစ်ကြည်ရေး စေလွှတ်မယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

လူ ၁၆ဝ ပါတဲ့ အနုပညာရှင် အဖွဲ့ဟာ ပြုံယမ်း မြို့တော် မှာ ပွဲကြီး ၂ ပွဲ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ကတ္တီပါနီ အမျိုးသမီး တီးဝိုင်း အဖွဲ့လည်း မြောက်ကိုရီးယားသွားမယ့် အဖွဲ့မှာ ပါဖို့ ရှိပါတယ်။

နောက်လထဲ ကျင်းပမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့တွေ့ဆုံပွဲ မတိုင်ခင် ဒီလို ယဉ်ကျေးမှု ကိုယ်စားလှယ် အဖွဲ့ စေလွှတ်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
တောင်ကိုရီးယား ဂီတအဖွဲ့ မြောက်ကိုလွှတ်မယ် တောင်ကိုရီးယား ဂီတအဖွဲ့ မြောက်ကိုလွှတ်မယ် Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.