မိုးသီး လေပြင်းများ ရွာသွန်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်နှစ်လုံး ပျက်ဆီး

ဖားကန့်မြို့နယ် နန့်ယားကျေးရွာတွင် အချိန်အခါမဟုတ် မိုးသီးမိုးများ ရွာသွန်းခြင်း လေပြင်းများတိုက်ခတ်ခြင်းကြောင့် လူနေအိမ်နှစ်လုံး ပျက်ဆီး
ဖားကန့် မတ် ၎

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် နန့်ယားကျေးရွာတွင် မတ်၃ရက် မွန်းလွဲ၂နာရီခွဲက အချိန်အခါမဟုတ် မိုးသီးမိုးများရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ကာမိုင်း-ဖားကန့်လမ်း နန့်ယားကျေးရွာတွင် မတ်၃ရက်မွန်းလွဲပိုင်းက အချိန်အခါမဟုတ် မိုးသီးမိုးများရွာသွန်းခြင်း လေပြင်းများတိုက်ခတ်ခဲ့ခြင်းကြောင့် နန့်ယားကျေးရွာ ပတ္တမြားရပ်ကွက်နေ ဒေါ်ဘောက်(၄၃)နှစ်၏ ၃ ခန်း ၂ ခန်း နေအိမ်သွပ်မိုးများ ကွာကျ ပျက်စီးခြင်း၊ဦးစောသော(၆၀)နှစ်၏ ၂ခန်းပတ်လည် သွပ်မိုး၊ထရံကာ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ခြင်းကြောင့် အဆိုပါပျက်စီးခဲ့သော နေအိမ်များသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပရဟိတအသင်းအဖွဲ့များက သွားရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးသီး လေပြင်းများ ရွာသွန်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်နှစ်လုံး ပျက်ဆီး မိုးသီး လေပြင်းများ ရွာသွန်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်နှစ်လုံး ပျက်ဆီး Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.