ကားဖြင့် ဆွဲကြိုးများ လိုက်လံလုယူခဲ့သူအား ဖော်ထုတ်ဖမ်းဆီးရမိ


မန္တ​လေးမြို့ ၃၅လမ်း၊ ၅၆x၅၇လမ်းကြားတွင်​ မတ်​လ ၁၅ရက်​ ည​နေ ၄နာရီခွဲအချိန်​ခန့်​က လမ်း​လျှောက်​လာသူ မလဲ့လဲ့​အောင်​ လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးအား နောက်မှ (နံပါတ်မမှတ်မိ)Hi Jet ကားအဖြူရောင်ယာဉ်တစ်စီးသည် ဘေးနားကပ်မောင်းလာပြီး ကားမောင်းနေသော အမည်မသိအမျိုးသားမှ ဆွဲဖြုတ်၍ ကားအား အမြန်မောင်းနှင်ထွက်ပြေးသွားသဖြင့် အမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၄၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ အရ အမှုဖွင့်ခဲ့သည်။

အမှုမှ တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးမှုခင်းအကူ ဌာနစိတ်မှ တပ်ဖွဲ့ဝင်တို့သ် အမာခံသတင်းပေးများနှင့်ပူးပေါင်း၍ စုံစမ်းမှုများဆောင်ရွက်ခဲ့ရာ ၁၆.၃.၂၀၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မသင်္ကာသတင်းရရှိထားသူ မျိုးကိုကို(ခ)အွတ်စမန် ၂၄နှစ်၊ ၁၉x၂၀လမ်းကြား၊ ၈၀x၈၁လမ်းကြား၊ အကွက်(၁၄၇)၊ ပုလဲငွေရောင်ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်နေသူအား လမ်း ၂၀၊ ၈၁x၈၂လမ်းကြားတွင် တွေ့ရှိသဖြင့် သက်သေများရှေ့ စစ်မေးရာ ၎င်းသည် ၁၅.၂.၂၀၁၈ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်က ၃၅လမ်း၊ ၅၆x၅၇လမ်းကြားအရောက်တွင် လမ်းလျှောက်လာသည့်အမျိုးသမီးထံမှ Suzuki ကား(ခွေးဘီလူး) အသုံးပြုလျှက် ဆွဲကြိုး ၁ကုံးအား လုယူထွက်ပြေးခဲ့ကြောင်း သိရှိရသဖြင့် တရားခံအား အမှတ်(၃)နယ်မြေရဲစခန်းသို့ သက်သေခံ ပစ္စည်းနှင့်လွှဲပြောင်းပေးခဲ့ပြီး တရားခံအား ထပ်မံစစ်ဆေးရာ ၎င်းသည် ၂၇.၂.၂၀၁၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ပြင်ဦးလွင်-မန္တလေးကားလမ်း အဆင်းဘက် စက်သုံးဆီရောင်းနေသူ၏လည်ပင်းတွင် ဆွဲထားသောအလေးချိန် ၁ ကျပ်သားခန့် သံကြိုးပူးပွအမျိုးအစား(တန်ဖိုး ၉၃၀၀၀၀ိ/-)၊ အလေးချိန်(၆)ပဲ ၅ ရွေရှိ မိုးစက်ပုံဆွဲသီး(တန်ဖိုး ၂၉၇၃၀၀၀)တို့အား ခွေးဘီလူးအဖြူရောင်ကားဖြင့် ဆွဲဖြတ်ယူပြီး မောင်းနှင်ထွက်ပြေးသွား ကြောင်း သိရှိရသဖြင့် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေရဲစခန်း(ပ)၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ ထပ်မံအမှုဖွင့်ခဲ့ပြီး တရားခံအား အသေးစိတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Photo-Mandalay Police
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ကားဖြင့် ဆွဲကြိုးများ လိုက်လံလုယူခဲ့သူအား ဖော်ထုတ်ဖမ်းဆီးရမိ ကားဖြင့် ဆွဲကြိုးများ လိုက်လံလုယူခဲ့သူအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.