ရန်ကုန်-မန္တလေး အမြန်လမ်း၌ နှစ်လ အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၀ ဦးရှိ

အမြန်လမ်းပေါ်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ၀င်တိုက်မိသော မော်တော်ယာဉ် တစ်စီးအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

    ရန်ကုန်-မန္တလေး အမြန်လမ်း၌ ဇန်န၀ါရီလ နှင့် ဖေဖော်ဝါရီလ များတွင် ဖြစ်ပွားခဲ့သည့် ယာဉ် မတော်တဆမှု များကြောင့် သေဆုံးသူ ဦးရေ ၂၀ ရှိခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

အမြန်လမ်း၌ ဇန်နဝါရီလအတွင်း ယာဉ်မတော် တဆမှု ၄၁ မှု ဖြစ်ပွားခဲ့ပြီး ကိုးဦး သေဆုံးကာ ဖေဖော်ဝါရီလ အတွင်း ယာဉ်မတော်တဆမှု ၃၆ မှု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများ လျော့နည်း ပပျောက်ရေး အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လမ်းများ အဆင့်မြှင့်တင်ခြင်း ၊ သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ပေးခြင်း ၊ အမြန်လမ်း ရဲတပ်ဖွဲ့ အနေဖြင့် အမြန်လမ်းမကြီးပေါ်သို့ တက်ရောက် မောင်းနှင် ကြသည့် မော်တော်ယာဉ် များအား သတ်မှတ် အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်သော ယာဉ်များကို အမြန်နှုန်းတိုင်း ကိရိယာ အသုံးပြု၍ ဖမ်းဆီး အရေးယူခြင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ပညာပေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ရန်ကုန်-မန္တလေး အမြန်လမ်း၌ နှစ်လ အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၀ ဦးရှိ ရန်ကုန်-မန္တလေး အမြန်လမ်း၌ နှစ်လ အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၀ ဦးရှိ Reviewed by THITHTOOLWIN on 14:08 Rating: 5
Powered by Blogger.