ဖာပွန်မြို့နယ်၌ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား


၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်၊ ၃ နာရီ ၃၅ မိနစ် အချိန်ခန့် က ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့ (၂)ရပ်ကွက် ရှိ ဦးစိန်သောင်း(၅၁)နှစ် ၏ စက်သုံးဆီအရောင်းဆိုင်၌ ဆီပေပါအဖုံးအား သံဂေါက်ဖြင့် ဖွင့်ရာမှာ မီးပွားထွက်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။


အဆိုပါ မီးလောင်ကျွမ်းခဲ့ရာမှာ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း၊ ၂ ထပ် ၁ လုံး၊ ဆီပေပါ ၁၁၀ လုံး၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီး မီးလောင် ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းနှင့် စိန်သောင်း(ဖမ်းမိ)အား ကမမောင်းနယ်မြေရဲစခန်းမှ (ပ)၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပါသည်။

သစ်ထူးလွင်
ဖာပွန်မြို့နယ်၌ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား ဖာပွန်မြို့နယ်၌ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 14:35 Rating: 5
Powered by Blogger.