ရွှေကူမြို့နယ်တွင် ရွှေပေါ်ကျွန်းဘုရားပွဲမှ အပြန်လမ်းခရီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ လူ ၃၁ ဦး ဒဏ်ရာရရှိ

ရွှေကူမြို့နယ်တွင် ရွှေပေါ်ကျွန်းဘုရားပွဲမှ အပြန်လမ်းခရီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ လူ ၃၁ ဦး ဒဏ်ရာရရှိ
ဗန်းမော် ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ရွှေပေါ် ကျွန်း(ကျွန်းတော်)ဘုရားပွဲသို့ ဘုရားဖူး လာသည့်ယာဉ်တစ်စီး အပြန်လမ်းခရီး၌ တိမ်းမှောက်မှုဖြစ်ပွား၍ လူ ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ရွှေကူမြို့နယ်ရှိ ရွှေပေါ်ကျွန်း (ကျွန်းတော်) ဘုရားမှ ဘုရားဖူးပြီး ပြန်လာ သောယာဉ်အား ရွှေကူမြို့နယ် ကျောက်စကွဲ တောင်အနီးတွင် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီခန့်က ယာဉ်မောင်း ဝင်းပိုင်(၄ဝနှစ်)ကသာမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်သည် အတက်၌ အရှိန်လျှော့ပြီး မောင်းနှင်စဉ် နောက်ပြန်လိမ့်၍ တိမ်းမှောက် မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၃၃ ဦးအနက် ၃၁ ဦး ဒဏ်ရာများ ရရှိခဲ့ သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများအား ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်တို့က ဒေသခံပြည်သူများနှင့်အတူ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး လူမှု ကူညီရေးမော်တော်ယာဉ် လေးစီးဖြင့် ဗန်းမော်ပြည်သှူဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရွှေကူမြို့နယ်တွင် ရွှေပေါ်ကျွန်းဘုရားပွဲမှ အပြန်လမ်းခရီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ လူ ၃၁ ဦး ဒဏ်ရာရရှိ ရွှေကူမြို့နယ်တွင် ရွှေပေါ်ကျွန်းဘုရားပွဲမှ အပြန်လမ်းခရီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ လူ ၃၁ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 08:33 Rating: 5
Powered by Blogger.