ဘားအံအကျဉ်းထောင်အတွင်း အခကြေးငွေဖြင့် စိတ်ကြွရူးသွပ်ဆေးပြား သွင်းပေးသော ဝန်ထမ်းအပါအဝင် ဆက်စပ်ကျူးလွန်သူများကို အမှုဖွင့်အရေးယူထား


ဘားအံ ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံအကျဉ်း ထောင်တွင် ဖေဖော်ဝါရီ ၂၈ ရက်က အကျဉ်းထောင် ဝန်ထမ်းတစ်ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေသူသုံးဦးက အခကြေးငွေပေးမည်ဟု စည်းရုံးပြောဆိုမှုကြောင့် ထောင်အတွင်းသို့ မူးယစ် ဆေးဝါးပို့ဆောင်ပေးခဲ့သည့် အကျဉ်းထောင် ဝန်ထမ်းတစ်ဦးနှင့် ဆက်စပ်ပါဝင်သူလေးဦးတို့ကို အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၇ နာရီခွဲက ဘားအံအကျဉ်းထောင် ဒုကြီးကြပ်ရေးမှူး စိုင်းခမ်း မောင်က ဖုန်းဖြင့်အကြောင်းကြား၍ စက်မှုဇုန်နယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးကျော်ညွန့်၊ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေး ရဲအုပ်သက်စိုးဦး၊ ဘားအံ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မျိုးကျော်နှင့်အဖွဲ့တို့က သက်သေများနှင့်အတူ သွားရောက်ခဲ့ရာ အကျဉ်းဆောင်ခန်းမအတွင်း မျှော်စင် ၃ တာဝန်ကျ၊ အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် စောဝင်းစိုး ပစ်ထည့်ထားသော အထုပ် ကို စစ်ဆေးခဲ့ရာ ဖက်ရွက်ဖြင့် ထုပ်ထားပြီး အနက် ရောင် တိပ်ဖြင့်ပတ်ထားသော အထုပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၈ ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ ဘားအံ အကျဉ်းထောင်ဝန်ထမ်းကို ဘားအံအကျဉ်းထောင် အတွင်း မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံ နေသည့် ဇင်ဘိုဘိုထူး (ခ)ဇင်ဘို(၃၁ နှစ်)၊ ခင်ထွေး (၄ဝ နှစ်)၊ စောလုံ(၄၅ နှစ်)တို့သုံးဦးက ဘားအံမြို့ အမှတ်-၅ ရပ်ကွက် ဓမ္မဝါသီ ၁ လမ်းနေ မြင့်သူရ(ခ)အပလောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို သွားရောက်သယ်ဆောင်ပြီး ထောင်အတွင်းသို့ ထည့်သွင်းပေးရန်နှင့် ၄င်းတို့လက်အတွင်းသို့ ဆေးပြားများ ရောက်ရှိပါက ငွေကျပ် ငါးသိန်း$ပေး မည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသဖြင့် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီခန့်က ဘားအံမြို့ မဲဘောင် မီးပွိုင့်အနီးတွင် မြင့်သူရ(ခ)အပလောင်နှင့် ချိန်းဆို ပြီး သယ်ဆောင်ခဲ့သည့် ဆေးပြားများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့က မြင့်သူရ(ခ)အပလောင် နေအိမ်ကို သွားရောက် ရှာဖွေရာ နေအိမ်တံခါးများပိတ်၍ ရှောင်တိမ်း သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင် ဝန်ထမ်း ဒုတပ်ကြပ် စောဝင်းစိုး(ယာပုံ)၊ ဇင်ဘို ဘိုထူး(ခ)ဇင်ဘို၊ ခင်ထွေး၊ စောလုံ၊ မြင့်သူရ(ခ)အပလောင် တို့ ငါးဦးကို စက်မှုဇုန်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံအကျဉ်းထောင်အတွင်း အခကြေးငွေဖြင့် စိတ်ကြွရူးသွပ်ဆေးပြား သွင်းပေးသော ဝန်ထမ်းအပါအဝင် ဆက်စပ်ကျူးလွန်သူများကို အမှုဖွင့်အရေးယူထား  ဘားအံအကျဉ်းထောင်အတွင်း အခကြေးငွေဖြင့် စိတ်ကြွရူးသွပ်ဆေးပြား သွင်းပေးသော ဝန်ထမ်းအပါအဝင် ဆက်စပ်ကျူးလွန်သူများကို အမှုဖွင့်အရေးယူထား Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.