ထိုင်းနိုင်ငံတွင် ဗီဇာအသစ်ပြုလုပ်ရန်ပြန်လာသည့် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ဗင်ကား မီးလောင်မှုကြောင့် သုံးဦးသေဆုံး


ဘန်ကောက် မတ် ၁၉

ထိုင်းနိုင်ငံ ဖရွမ်ဘူရီခရိုင်အာရှ အမြန်လမ်းမ ၃၂ မှ ၇၇ ကီလို မီတာအတွင်း ယခုလ ၁၇ ရက်က ဗီဇာအသစ်ပြုလုပ်ရန်ပြန်လာသည့် မြန်မာအလုပ်သမားများတင်ဆောင် လာသော ဗင်ကားတစ်စီးနှင့် ကုန် ကားတစ်စီးတို့တိုက်မိခဲ့ရာ မြန်မာ နိုင်ငံသားသုံးဦး မီးလောင်သေဆုံး သွားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်း၏ ဖော်ပြ ထားချက်အရ သိရသည်။

မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် ဗင်ကားသည် ကုန်ကားဖြင့်တိုက်မိချိန်မှာ မီးလောင် ခဲ့သဖြင့် မြန်မာနိုင်ငံသား သုံးဦးမီးလောင်သေဆုံး ခဲ့ကြောင်း၊ ရှစ်ဦးဒဏ်ရာရသွားခဲ့ကြောင်း၊ အဲဒီကား တိုက်မှုဟာ Ban Paneng ရှိအာရှအမြန်လမ်းမ ၃၂ မှ ၇၇ ကီလိုမီတာအကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေးအဖွဲ့များ ကယ် ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ခဲ့ ကြောင်း၊ အခင်းဖြစ်ရာတွင် လူသုံးဦးအပျက်စီး အပိုင်းအစကြားပိတ်မိနေခဲ့ပြီး ဘယ်သူဘယ်ဝါဆို တာ မမှတ်နိုင်တဲ့အခြေနေမျိုးဖြစ်ကြောင်း ဖရွမ် ဘူရီဒေသရဲတပ်ဖွဲ့ဒုတိယ အကြီးအကဲရဲမှူးကြီးပူရီ ဝက်ပီလူအက်ကပြောသည်။

ထိုင်းမီဒီယာများ၏ဖော်ပြချက်အရ သေဆုံးသူ သုံးဦးဟာ မြန်မာနိုင်ငံသားဖြစ်ပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း အခြားမြန်မာ နိုင်ငံသားရှစ်ဦးမှာ ငါးဦးဟာ အမျိုးသားဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ဖရွမ်ဘူရီဆေးရုံသို့ တင်ပို့ထားရကြောင်း၊ ဗင်ကားမောင်းသူမှာ ရွန်နက် ခရွမ်တွန်ရက်ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှ Chiangrai မြို့ကိုသွားမည့်ကားဖြစ်ကြောင်း၊ လိုက်ပါလာသည့် မြန်မာနိုင်ငံသားတချို့သည် ဗီဇာ အသစ်ပြုလုပ်ရန်နှင့် နေရပ်ပြန်မည့်သူများဖြစ်ပြီး တိုက်မိခဲ့သည့် ၁၈ ဘီးတပ်ကုန်ကားမှ ခရီးသည် များတင်ဆောင်လာသည့် ဗင်ကား၏ တံခါးကိုတိုက် မိပြီး တိမ်းမှောက်သွားခဲ့ရာမှ မီးလောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)
The Union Daily
https://www.facebook.com/uniondaily.net
ထိုင်းနိုင်ငံတွင် ဗီဇာအသစ်ပြုလုပ်ရန်ပြန်လာသည့် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ဗင်ကား မီးလောင်မှုကြောင့် သုံးဦးသေဆုံး ထိုင်းနိုင်ငံတွင် ဗီဇာအသစ်ပြုလုပ်ရန်ပြန်လာသည့် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ဗင်ကား မီးလောင်မှုကြောင့် သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.