၆နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်သူကိုဖမ်းမိ


မိုးကောင်း မတ် ၁၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်တွင် မတ်(၁၇)ရက်၊ ည(၈)နာရီခန့်က ပထွေးဖြစ်သူမှ ၆နှစ်အရွယ်မယားပါသမီးငယ်ကို အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ၎င်း၏ နေအိမ်သို့ သွားရောက်မေးမြန်းရာ ကျူးလွန်ကြံစည်သူ၏ဇနီးမှ ပြောပြချက် အရ ၎င်းရှိသည့်နေရာကို သိရသည့်အတွက် မတ်လ(၁၈)ရက်နေ့၊ ည(၈)နာရီက မိုးကောင်းဘူတာအတွင်းမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရှဒူးဇွတ်၊ မှော်ဘက်မှာရခဲ့ကြတဲ့ မှော်လင်မှော်မယားတွေပါ။ ရပ်ကွက် ထဲနေတာ (၃)နှစ်လောက်ရှိပြီ ဆိုပေမဲ့ ပထွေးဖြစ်သူက အနေနည်း ပါတယ်၊ တစ်လမှတစ်ခေါက်လောက်ပြန်လာပြီး ရပ်ကွက်မှာလဲ သိပ်ရော ရော နှောနှောနေတာမရှိတော့ သူ့ရုပ်တောင်သိပ်မမှတ်မိချင်ဘူး"ဟု သွားရောက်ဖမ်းဆီးစဉ် လိုက်ပါခဲ့သူ ကျွန်းတော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်အေးမှ ဆိုသည်။

ဖြစ်စဉ်မှာ ကျွန်းတောရပ်နေ ဒေါ်စန္ဒာဝင်းသည် အပြင်မှပြန်လာစဉ် သမီး......(၆)နှစ်ကို မတွေ့သဖြင့် သားဖြစ်သူကို မေးမြန်းရာ ပထွေးဖြစ်သူ ဦးသက်ပိုင်(၃၈)နှစ်မှ နန့်ရင်းချောင်းဘက်သို့ ခေါ်သွားကြောင်း ဖြေဆို သဖြင့် လိုက်လံရှာဖွေရာ သက်ပိုင်မှာ ထွက်ပြေးသွားပြီး သမီးငယ်ကို အိမ်သို့ခေါ်ယူ မေးမြန်းရာ အဓမ္မပြုကျင့်ရန် ကြံစည်နေစဉ် မိခင်အသံကြား သဖြင့် ထွက်ပြေးသွားကြောင်း မိခင်ကပြောပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဓမ္မပြုကျင့်ရန်ကြံစည်သူ ဦးသက်ပိုင်ကို မိုးကောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

မင်းမင်းဦး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
၆နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်သူကိုဖမ်းမိ ၆နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်သူကိုဖမ်းမိ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.