ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၅၂/၆ စကားအင်းအ၀ိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွား


တံတားဦး မတ် - ၁၈

တံတားဦးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး စကားအင်းအမြန် လမ်းရဲစခန်းအပိုင် မိုင်တိုင် ၃၅၂/၆ စကားအင်းအ၀ိုင်းတွင် မတ်လ ၁၈ ရက်နေ့ ညနေ (၃း၂၀)နာရီ အချိန်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ ရန်ကုန်-မန္တလေးအမြန်လမ်း မကြီး စကားအင်း အမြန် လမ်းရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ အသိသက်သေအဖြစ် အမြန်လမ်းဥမီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဇော်လင်းထွန်းနှင့်တပ်ဖွဲ့ဝင်များနှင့် အတူသွားရောက် ကြည့်ရှုစစ်ဆေးရာ မန္တ လေးဘက်မှ နေပြည်တော် ဘက်သို့ မလှိုင်မြို့နယ် ကျွဲကျောင်းကျေးရွာနေ ယာဉ်မောင်း မျိုးသန့်(၂၃)နှစ် မောင်းနှင်လာသော 6H/- - - CRV ခဲရောင်ယာဉ်သည် စကားအင်းအ၀ိုင်းအား ဖြတ်သန်းမောင်းနှင်စဉ် ပလိပ်ဘက်မှ တံတားဦးလေဆိပ်ဘက်သို့ မန္တလေးမြို့ ၄၉-လမ်း၊စက်မှု(၂) ပြည်ကြီးတံခွန်မြို့နေ ယာဉ်မောင်း ချိန်ပင်(၅၆)နှစ်မောင်းနှင်လာသော 9M/- - - - KIA OPTIMA အဖြူရောင်ယာဉ်သည် ဖြတ်သန်း မောင်းနှင်ရာ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော 6H/- - - CRV ခဲရောင်ယာဉ်၏၀ဲဘက်ဘေးအား ပွတ်တိုက်မိခဲ့ပြီး 6H/- - - CRV ခဲရောင်ယာဉ်မှာလမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်သွားခဲ့ပြီး 9M/- - - - KIA OPTIMA အဖြူရောင်ယာဉ်မောင်းပါ ကျား(၂)ဦးမှာ ဒဏ်ရာရရှိခြင်းမရှိဘဲ 6H/- - - CRV ခဲရောင်ယာဉ် မောင်းမျိုးသန့်မှာ ဦးခေါင်းမူးဝေဒဏ်ရာ၊ CRV ခဲရောင်ယာဉ်ပေါ်ပါ မလှိုင်မြို့နယ် ကန်သစ်ကြီးရွာနေ နိုင်နိုင် (၃၈)နှစ်(ဘ)ဦးလှအေးဗိုက်အောင့်ဒဏ်ရာ၊ ၄င်းလိပ်စာတူ မဇာနည်ဝင်း(၃၈)နှစ်တွင် ယာမျက်ခုံးကွဲ၊မေးစေ့အောက် ပေါက်ပြဲ၊ ယာလက်နာကျင်၊ ယာဒူးပွန်းပဲ့ ဒဏ်ရာ၊လိပ်စာတူ မသူဇာ (၁၅)နှစ်တွင် ယာလည်ပင်းနာကျင် ဒဏ်ရာ၊မလှိုင်မြို့နယ် ကျွဲကျောင်းရွာ သီရိဇေယျာကျောင်းတိုက်နေ ဦးသောဘိတ(၅၀)နှစ် ၀ါတော်(၃၀)၀ါတွင် ယာနဖူးဖူးရောင် နှာသွေးထွက်၊ ဇက်ပိုးနာကျင် ဒဏ်ရာများရရှိခဲ့ပြီး 9M/- - - - KIA OPTIMA အဖြူရောင်ယာဉ်မှာရှေ့ဘန်ကာကျိုးပဲ့သွားသဖြင့် ကာလတန်ဖိုး (၅)သိန်းကျပ်ခန့်ဖြစ်ပြီး၊6H/- - - CRV ခဲရောင်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊၀ဲဘက်ဘော်ဒီပိန့်ချိုင့်၊ ခေါင်မိုးပိန့်ချိုင့် ၊နောက်မှန်ကွဲ၊ နောက်ဘန်ဘာပြုတ်ထွက်ပျက်ဆီးခဲ့သဖြင့် ကာလတန်ဖိုး(၁၅)သိန်း ကျပ်ခန့် စုစုပေါင်းကာလ တန်ဖိုးကျပ်(၂၀)သိန်းခန့် ပျက်ဆီးဆုံးရှုံးခဲ့သဖြင့် အမြန်လမ်းကြီးအတိုင်းမောင်းနှင်လာသောယာဉ်အား ဦးစားပေး ခြင်းမရှိဘဲ လမ်းသွယ်မှပေါ့ဆစွာမောင်းမောင်းနှင်သူ 9M/- - - - KIA OPTIMA အဖြူရောင်ယာဉ်မောင်း ချိန်ပင် အားအရေးယူဆောင်ရွက် ပေးပါရန် တာဝန်မှူး ဒုရဲအုပ်နန်းနန်းမှ တရားလိုပြု တိုင်တန်းသဖြင့် စကားအင်းအမြန် လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်းသိရှိရသည်။

ရဲတင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ