ဖိလစ်ပိုင်မှာ ဟိုတယ် မီးလောင်မှု ၅ ဦးသေ၊ ၂၀ ခန့် ဒဏ်ရာရ


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ဟိုတယ်နဲ့ ကာစီနိုလောင်းကစားရုံတခုမှာ ၂၄ နာရီ မီးဆက်တိုက်လောင်ခဲ့တဲ့အတွက် လူ ၅ ယောက်သေဆုံးခဲ့ပြီး အယောက် ၂၀ လောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ သေဆုံးသူအားလုံးလိုလိုဟာ လောင်းကစားရုံအလုပ်သမားတွေဖြစ်ပါတယ်။

ဟိုတယ်အလုပ်သမားတွေအပါအဝင် တည်းခိုသူတွေ ၃၀၀ လောက်ကို မီးသတ်သမားတွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ၂၄ နာရီလုံးလုံး သိပ်သည်းထူထပ်တဲ့မီးခိုးတွေကို ရှူခဲ့ရတာကြောင့် တချို့ မီးသတ်သမားတွေကို ဆေးကုသပေးနေရတယ်လို့လည်းဆိုပါတယ်။

ဖိလစ်ပိုင်မှာ အဲဒီလိုမီးအကြီးအကျယ်လောင်မှုတွေ မကြာခဏဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးအာမခံချက်မရှိတဲ့ လူထပ်ရာနေရာတွေမှာ ဖြစ်ပွားတတ်ပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း အကြီးမားဆုံး မီးလောင်မှုကတော့ ၂၀၁၅ ခုနှစ်က ရော်ဘာဖိနပ်စက်ရုံတခုမှာဖြစ်ခဲ့ပြီး လူ ၇၅ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၇ ဒီဇင်ဘာလကလည်း Davao မြို့က ၄ ထပ် Shopping Mall တခုမှာ မီးလောင်ခဲ့တဲ့အတွက် လူ ၃၈ ယောက်သေဆုံးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဖိလစ်ပိုင်မှာ ဟိုတယ် မီးလောင်မှု ၅ ဦးသေ၊ ၂၀ ခန့် ဒဏ်ရာရ ဖိလစ်ပိုင်မှာ ဟိုတယ် မီးလောင်မှု ၅ ဦးသေ၊ ၂၀ ခန့် ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.