ချောက်မြို့ တွင် မီးလောင်မှု ဖြစ်ပွား အိမ်အလုံး(၂၀) မီးလောင်ဆုံးရှုံး

ချောက်မြို့ တွင် မီးလောင်မှု ဖြစ်ပွား
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အိုးဘိုကျေးရွာမှာ မတ်လ(၇)ရက်၊ မွန်းလွဲ(၁၁)နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်အလုံး(၂၀) ၊ဆိတ်ကောင်ရေ (၈၀)၊ ၀က် (၅)ကောင်၊ စက်ဘီး (၂)စီး၊ ဆိုင်ကယ် (၅)စီး၊ စုစုပေါင်းခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး ကျပ်ရှစ်ဆယ့်ခြောက်သိန်းလေးသောင်းခန့်ဆုံးရှုံးခဲ့တယ်လို့ မကွေးခရိုင်မီးသတ်တပ်ဖွဲ့က သိရပါတယ်။

 မီးဖိုမီးကြွင်းမီးကျန်က တစ်ဆင့်အကာကိုကူးစက်ကာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး
ချောက်မြို့၊ ဂွေးချို၊ ဂွေးပင်နယ်မြေမီးသတ်စခန်းတွေနဲ့ရေနံချောင်း မြို့နယ်တို့ကမီးသတ်ယာဉ်နဲ့ရေသည်ယာဉ် (၁၀)စီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကျေးရွာအရံမီးသတ်တပ်ဖွဲ့ဝင်တွေ က စုပေါင်းငြှိမ်းသတ်ခဲ့ပါတယ်။


လောင်ကျွမ်းချိန် (၁)နာရီကျော်အကြာ မွန်းလွဲ (၁၂)နာရီ(၁၅)မိနစ်မှာမီးထိန်းနိုင်ခဲ့ကာ (၁၂)နာခွဲအချိန်မှာမီးငြိမ်းခဲ့ပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ (၁၀၂) ဦး ထိခိုက်ဒဏ်ရာရသူမရှိဘဲမီးလောင်မှုဖြစ်ပွားစေခဲ့တဲ့ အိမ်ရှင်ကို တော့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။


အိုးဘိုကျေးရွာဟာ ချောက်မြို့နယ်ရဲ့တောင်ဘက်ကတ္တရာလမ်း(၄၄)မိုင်၊ မြေသားလမ်း(၆)မိုင်၊ မိုင်ပေါင်း(၅၀) ခန့် ဆားလယ်ကျေးရွာအုပ်စုအတွင်းမှာတည်ရှိတာဖြစ်တယ်လို့သိရပါတယ်။ ဒီသတင်းကိုမကွေးဗျူရိုမှ သက်ခိုင်မိုးကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ချောက်မြို့ တွင် မီးလောင်မှု ဖြစ်ပွား အိမ်အလုံး(၂၀) မီးလောင်ဆုံးရှုံး ချောက်မြို့ တွင် မီးလောင်မှု ဖြစ်ပွား အိမ်အလုံး(၂၀) မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.