မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက်၌ ဘုန်ကြီးကျောင်းရှိ ဆွမ်းချက်ဆောင်တွင် မီးလောင်မှုဖြစ်ပွား


မြစ်ကြီးနား မတ်(၇)

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ(၆) အနော်ရထာလမ်းမကြီးပေါ်ရှိ သာသနရံသီ ကျောင်းတိုက်၊ ဆွမ်းချက်ဆောင်၌ မတ်လ ၇ ရက်နေ့  ညနေ (၃)နာရီတွင် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူ လွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၇)စီး၊ အရန်ရေသယ်ယာဉ်(၅)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၃)နာရီခွဲ့ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။

 အဆိုပါ ကျောင်းတိုက်ရှိ၌(၁၀၀×၄၀)ပေရှိသည့် သွပ်မိုး၊အုပ်ညှပ်၊ ပျဉ်ခင်း ဆွမ်းစားဆောင်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး(၁၆၀၀၀၀ဝိ/-)ရှိခဲ့ပြီး ကပ္ပိယဦးဝင်းထိန်၊(၄၇)နှစ် အား မြစ်ကြီးနား၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

 Sein Win(IPRD)
Kachin Iprd
မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက်၌ ဘုန်ကြီးကျောင်းရှိ ဆွမ်းချက်ဆောင်တွင် မီးလောင်မှုဖြစ်ပွား မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက်၌ ဘုန်ကြီးကျောင်းရှိ ဆွမ်းချက်ဆောင်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.