ဝက်လက်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးမှု


နေပြည်တော်၊ မတ် ၂၃

၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ ရွှေဘို-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၄၉/၆-၇)ကြား၌ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

 ရွှေဘိုမှ စစ်ကိုင်းသို့ မန္တလေးမြို့၊ တံခွန်တိုင်ရပ်ကွက်နေ စောထက်ဦး(၂၃)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက် တစ်ရပ်ကွက်တည်းနေ ဇင်မျိုးကျော်(၁၇)နှစ်လိုက်ပါလာသည့် 4D/8321 Crown ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ ဝက်လက်မြို့နယ်၊ မင်းကုန်းကျေးရွာနေ ဆွေယုအောင်(၃၇)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဇာဇာဝင်း(၂၃)နှစ်နှင့် မောင်မိုးသောက်ယံဦး (၁၃)နှစ်တို့ လိုက်ပါလာသောဆိုင်ကယ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဆွေယုအောင် ပါ ၃ ဦး တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

4D/×××Crown ယာဉ် အား စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် တမလန်းသစ်ခွဲသား ၁၄ ချောင်း၊ ပိတောက်သစ်ခွဲသား ၄ ချောင်း၊ ၀.၅၇၅၈ တန် တို့အား တွေ့ရှိသိမ်းဆည်းခဲ့သောကြောင့် စောထက်ဦး အား ရွှေပန်းကုန်း နယ်မြေရဲစန်းယာဉ်(ပ)၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်လည်းကောင်း၊ စောထက်ဦးနှင့် ဇင်မျိုးကျော် တို့ ၂ ဦးအား (ပ)၂၉/၂၀၁၈၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ဝက်လက်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးမှု ဝက်လက်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးမှု Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.