မိတ္ထီလာ-မလှိုင်သွားကားလမ်း၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရ


မိတ္ထီလာ မတ် ၁ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ရေချိုကျေးရွာအနီးကို ဖြတ်သန်းသွားသော မိတ္ထီလာ-မလှိုင်သွားကားလမ်းပေါ်တွင် လူငယ်နှစ်ဦးစီးနင်းလာသော ဆိုင်ကယ်နှင့်ကားမျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆိုင်ကယ် မောင်းသူသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း စုံစမ်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မိတ္ထီလာ-မလှိုင် ကားလမ်း မိုင်တိုင်အမှတ်(၁ဝ/ဝ)နှင့် ( ၁ဝ/၁)အကြား မိတ္ထီလာမှ မလှိုင်ဘက်သို့ ရေချိုတိုးဂိတ်ဝန်ထမ်း ကိုထူးထူးကျော်(၂၈နှစ်) မောင်းနှင်လာသောBGO 3M/----- နံပါတ်ပါ အဖြူရောင်Honda Insight ကားနှင့် မျက်နှာ ချင်းဆိုင်ဘက်မှလာသော သပြေပင်ရွာနေ မောင်သက်သက်ဦး (၁၇နှစ်) မောင်းနှင်၍ နောက်ဘက်တွင် တစ်ရွာတည်းနေ အောင်ဇော်လတ် (၂၁နှစ်) လိုက်ပါလာသော အနက်ရောင်Loujia ဆိုင်ကယ်တို့သည် မျက်နှာ ချင်းဆိုင်တိုက်မိခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် မောင်သက်သက်ဦး တွင် နှာခေါင်းသွေးထွက်၊ ဝဲပေါင်ကျိုးဒဏ်ရာများရရှိကာ နေရာတွင် သေဆုံးခဲ့ပြီး နောက်မှလိုက်ပါစီးနင်းသူ ကိုအောင်ဇော်လတ်တွင်လည်း (မစိုးရိမ်ရ)ဒဏ်ရာများရရှိသဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ထားရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကို မိတ္ထီလာမြို့မရဲစခန်းက ယာဉ်(ပ)၁၉/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄- က/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရသည်။

ဘိုဘို(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net/
မိတ္ထီလာ-မလှိုင်သွားကားလမ်း၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရ မိတ္ထီလာ-မလှိုင်သွားကားလမ်း၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.