ငှက်သိုက်တင်ဒါအားလုံး မြန်မာ့စီးပွားရေးဦးပိုင်လုပ်ခွင့်ရ


ထားဝယ် မတ် ၁ဝ

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိဇီဝဇိုးငှက်သိုက်စုဆောင်း ထုတ်ယူခွင့်လိုင်စင်အတွက်ကိုဈေး ပြိုင်အိတ်ဖွင့်တင်ဒါဖြင့်ရောင်းချခဲ့ ရာ ကျွန်းအုပ်စုလေးခုစလုံးကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် က ဈေးအများဆုံးပေးကာ လုပ် ကိုင်ခွင့်ရရှိသွားကြောင်း တနင်္သာရီ တိုင်းဒေသကြီး သစ်တောဦးစီး ဌာနထံမှ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကိုကျွန်းအုပ်စု၊ ကျွန်းစုမြို့ နယ်တွင်ရေအေးကျွန်းအုပ်စု၊ ကော့ သောင်းမြို့နယ်တွင် ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စု၊ ပုလောမြို့ နယ်တွင် မလိကျွန်းအုပ်စုဟူ၍ အုပ်စုလေးခုခွဲထားပြီး ကျွန်းအုပ်စု တစ်ခုချင်း ငှက်သိုက်စုဆောင်း ထုတ်လုပ်ခွင့်အတွက် မတ်လ ၈ ရက်က ရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဈေးပြိုင်တင်ဒါကို ကုမ္ပဏီသုံးခုဖြင့် လူပုဂ္ဂိုလ်တစ်ဦး တို့ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လုပ် ကိုင်ခွင့်သက်တမ်းမှာ တစ်နှစ်ဖြစ် ကြောင်းသိရသည်။

လောင်းလုံးမြို့နယ် အတွင်းရှိ မော်စကိုကျွန်းအုပ်စုကိုငွေကျပ်ခုနစ် သိန်း၊ ကျွန်းစုမြို့နယ်အတွင်းရှိ ရေ အေးကျွန်းအုပ်စုကို ကျပ် ၁၆သိန်း ခွဲ၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စု ကို ငွေကျပ် သိန်း၇၂ဝဝနှင့် ပုလောမြို့နယ်အတွင်းရှိ မလိကျွန်းအုပ်စုကို ကျပ်သိန်းပေါင်း ၁၂၆ဝဝ ဖြင့်လည်း ကောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ဦးကျော်သန်းဌေးက ဈေးအမြင့်ဆုံးပေးခဲ့ကြောင်း တိုင်းသစ်တော ထံမှသိရသည်။

 ပြီးခဲ့သည့်နှစ်က အဆိုပါကျွန်းအုပ်စုများတွင် ငှက်သိုက်စုဆောင်းထုတ်လုပ်ခွင့်အတွက် ငွေကျပ်သိန်းပေါင်း ၁ဝဝ၂၅ဒသမ၅သိန်းရရှိရာမှ ယခုနှစ်တွင် ငွေကျပ်သိန်းပေါင်း ၁၉၈၂၃ ဒသမ ၅ သိန်းရရှိခဲ့ကြောင်း တိုင်းသစ်တောဌာနထံမှ သိရသည်။
ကော့သောင်းခရိုင် အတွင်းရှိ ငှက်သိုက်ကျွန်းအချို့တွင် သွားရောက်လည်ပတ်သည့် ခရီးသွားကုမ္ပဏီ များက တင်ဒါအောင်သည့်ကုမ္ပဏီကို အခငွေကြေးပေးမှသာ ကျွန်းပေါ်တက်ခွင့်ပြုနေကြောင်းခရီးသွား ကုမ္ပဏီအချို့ထံမှ သိရသည်။

 အဆိုပါငှက်သိုက်ကျွန်းများတွင် ငှက်သိုက်စုဆောင်းထုတ်လုပ်ခွင့်နှင့် ဇီဝဇိုး ငှက်များ ပြုစုထိန်းသိမ်းရန်တင်ဒါခေါ်ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးကပြော သည်။ ပြီးခဲ့သည့်နှစ်က လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကိုကျွန်းအုပ်စု၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်း အုပ်စု၊ ပုလောမြို့နယ်ရှိ မလိကျွန်းအုပ်စုတို့အား ငွေကျပ် ၇ဝ၂၅ ဒသမ ၅သိန်းဖြင့် မြိတ်အခြေစိုက် ငွေ ပင်လယ်ကုမ္ပဏီက တင်ဒါအောင်ခဲ့သည်။

 နာမည်ကျော်အသည်းပုံကျွန်းပါဝင်သည့် ကော့သောင်းမြို့နယ်မှ ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စု အားခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သော Grand Andaman Islands ကုမ္ပဏီကကျပ်သိန်း ၃ဝဝဝ ဖြင့် တင်ဒါအောင်ခဲ့သည်။

Dawei Watch
The Union Daily
https://www.facebook.com/uniondaily.net/
ငှက်သိုက်တင်ဒါအားလုံး မြန်မာ့စီးပွားရေးဦးပိုင်လုပ်ခွင့်ရ ငှက်သိုက်တင်ဒါအားလုံး မြန်မာ့စီးပွားရေးဦးပိုင်လုပ်ခွင့်ရ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.