နှစ်နိုင်ငံနယ်စပ်ရောက် ဒုက္ခသည်တွေ မူလရွာတွေဆီ ပြန်ပို့မှလက်ခံမည်

Photo: AFP
ရခိုင်ပြည်နယ်တွင်းကနေ ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံနယ်စပ်မျဉ်းမှာ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေက သူတို့ကို မူလနေထိုင်ရာ ရွာတွေဆီ တိုက်ရိုက်ပြန်ပို့တာကိုသာ လက်ခံမှာဖြစ်ပြီး၊ ကြားစခန်းယာယီတဲတွေမှာ ကာလကြာရှည်ထားရှိမှာကို လက်မခံကြောင်း ပြောဆိုကြတယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။

သူတို့ကို မြန်မာအာဏာပိုင်တွေက ပြည်တွင်းပြန်ဝင်ဖို့ ဖိအားပေးနေပြီး၊ အကြမ်းဖက်စစ်သွေးကြွတွေ စိမ့်ဝင်ထိုးဖေါက်နေမှာ စိုးရိမ်မှုနဲ့ နယ်စပ်မှာ တပ်အင်အားတွေ တိုးထားတယ်လို့ ဆိုပါတယ်။

နယ်စပ်မျဉ်းမှာ ရောက်နေကြသူတွေကတော့ သူတို့အနေနဲ့ ဘင်္ဂလီတွေမဟုတ်ဘဲ၊ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်၊ ဘင်္ဂလားဒေ့ရှ်ကို မဝင်ချင်ကြောင်း ပြောဆိုပါတယ်။

လက်ရှိမှာ သူတို့ကို နိုင်ငံတကာကြက်ခြေနီအသင်းက ထောက်ပံ့ကူညီနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

နှစ်နိုင်ငံနယ်စပ်ရောက် ဒုက္ခသည်တွေ မူလရွာတွေဆီ ပြန်ပို့မှလက်ခံမည် နှစ်နိုင်ငံနယ်စပ်ရောက် ဒုက္ခသည်တွေ မူလရွာတွေဆီ ပြန်ပို့မှလက်ခံမည် Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.