မွတ်စလင်ဒုက္ခသည် ပြဿနာ နိုင်ငံတော်အတိုင်ပင်ခံ ရှင်းလင်း

( နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်ေန့က အာဆီယံ - သြစတြေးလျ မျက်နှာစုံညီအစည်းအဝေးနှင့် သီးသန့်အစည်းအဝေးကို တက်ရောက်စဉ် ) Photo: Myanmar State Counsellor Office Facebook
မနေ့ကကျင်းပခဲ့တဲ့ သြစတြေးလျအာဆီယံ ထိပ်သီးအစည်းအဝေးမှာ ရခိုင်ပြည်နယ်က မွစလင်ဒုက္ခသည် ပြဿနာနဲ့ပတ်သက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေါ်ပေါက်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

NLD အစိုးရအနေနဲ့ နုနယ်လှသေးတဲ့ သက်တမ်းအတွင်းမှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

အစိုးရအနေနဲ့ သက်တမ်း ၁၈ လအတွင်းမှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေက အများအပြားရှိနေပါတယ်။ မနှစ်က ကုလသမဂ္ဂမှာ ပြောခဲ့တဲ့အတိုင်း၊ တာဝန်သိအဖွဲ့ဝင် နိုင်ငံတနိုင်ငံအနေနဲ့ မြန်မာဟာ နိုင်ငံတကာရဲ့ စိစစ်စုံစမ်းမှုတွေအပေါ် စိုးရိမ်မှုမရှိဘဲ၊ ရခိုင်ပြည်နယ်အတွင်း လူ့အသိုင်းအ၀ိုင်းအားလုံး ငြိမ်းချမ်းသာယာ၊ တိုးတက်စည်ပင်စေမယ့် ဖြေရှင်းရေး အကြံပြုချက်တွေကို လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားအောင် အစိုးရအနေနဲ့ ဆောင်ရွက်မှာပါ၊ စက်တင်ဘာ ၂၅ ရက်နေ့မတိုင်ခင် ဘာပဋိပက္ခမှ မဖြစ်ခဲ့သလို၊ နယ်မြေရှင်းလင်းတာတွေလည်း မရှိခဲ့ပါဘူး၊ အခုလို တဖက်နိုင်ငံကို လူတွေအလုံးအရင်းနဲ့ ထွက်ခွာသွားခဲ့တာမရှိခဲ့ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဘာကြောင့်ထွက်သွားကြတာလဲ ဆိုတဲ့အကြောင်းရင်းကို သိချင်ပါတယ်၊ အလားတူ ထွက်မသွားတဲ့သူတွေလည်း အများအပြားရှိနေကြပါတယ်။ ဒါကိုတော့ လူမသိဘဲဖြစ်နေပါတယ်၊ နိုင်ငံတကာ သံတမန်အသိုင်းအ၀န်းအနေနဲ့ ကျမတို့နဲ့ အတူပူးပေါင်းပြီး ရခိုင်ပြည်နယ်တွင်းက မွတ်စလင်တွေ အများစုကို တွေ့ဆုံမေးမြန်းအဖြေရှာသင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Moalcolm Turnbull ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ညီလာခံမှာ ရခိုင်ပြည်နယ် အခြေအနေကို ပြည့်ပြည့်စုံစုံ အချိန်ယူပြီး ရှင်းလင်းပြောဆိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ် Najib Razak ကတော့ ရိုဟင်ဂျာ ပြဿနာဟာ မြန်မာ့ပြည်တွင်းရေးကိစ္စသာမဟုတ်တော့ဘဲ ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီလို့ ပြောဆိုခဲ့ပါတယ်။ စင်္ကာပူဝန်ကြီးချုပ် Lee Hsein Loong ကတော့ ရခိုင်ပြဿနာအပေါ် အာဆီယံနိုင်ငံတွေ စိုးရိမ်ကြပေမဲ့၊ မြနမာအပေါ် ဖိအားပေးမှာ မဟုတ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျဝန်ကြီးချုပ်နဲ့ ဒီနေ့ ရိုဟင်ဂျာဒုက္ခသည်ကိစ္စ ထပ်မံဆွေးနွေးမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မွတ်စလင်ဒုက္ခသည် ပြဿနာ နိုင်ငံတော်အတိုင်ပင်ခံ ရှင်းလင်း မွတ်စလင်ဒုက္ခသည် ပြဿနာ နိုင်ငံတော်အတိုင်ပင်ခံ ရှင်းလင်း Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.