အမ်းမြို့နယ်တွင် ဘင်္ဂါလီလူမျိုး (၁၂)ဦး ဖမ်းဆီးရမိ


ရခိုင်ပြည်နယ် အမ်းမြို့နယ် ဝေကင်ဘက်(၁၂)မိုင်ခန့်အကွာမှာ မတ်(၉)ရက် ည(၇)နာရီ ခန့်က ဘင်္ဂါလီလူမျိုး(၁၂)ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဘင်္ဂါလီလူမျိုးတွေဟာ ကျောက်တော်မြို့နယ်၊ ကန်ပေါက်ကျေးရွာမှာ စုရပ်ပြုလုပ်ပြီး ချင်းလူမျိုး(၂)ဦးမောင်းနှင်တဲ့လှေပေါ်မှာ(၂)ညအိပ်ခဲ့ပါတယ်။ အဲဒီနောက်အမ်းမြို့နယ် ကိုရောက်ရှိပြီး ခြေလျင်ခရီးနဲ့ ချင်းလူမျိုး(၃)ဦးက တောလမ်းခရီးအတိုင်းလမ်းလျှောက်ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

 အဲဒီဘင်္ဂါလီလူမျိုးတွေဟာ ကန်ပေါက်ကျေးရွာက ကျောက်တော်(ခေါ်)ချာကေရဲ့ ဆက်သွယ်ပေးမှုနဲ့ တစ်ဦးကိုပို့ဆောင်ခ ငွေကျပ်(၁၆)သိန်းနဲ့ ရန်ကုန်မြို့ကို သွားရောက်ဖို့ထွက်လာခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီး ရမိတဲ့ ဘင်္ဂါလီလူမျိုးတွေကို အမ်းမြို့နယ် လဝကဥပဒေနဲ့အရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။ဒီသတင်းကို စစ်တွေဗျူရိုက ကျော်လွင်ပေးပို့ထား တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
အမ်းမြို့နယ်တွင် ဘင်္ဂါလီလူမျိုး (၁၂)ဦး ဖမ်းဆီးရမိ အမ်းမြို့နယ်တွင် ဘင်္ဂါလီလူမျိုး (၁၂)ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 12:59 Rating: 5
Powered by Blogger.