"အလှသစ်"ဇာတ်ပွဲကားတိမ်းမှောက်မှု ၆ ဦး သေ၊ ၂၃ ဦး ဒဏ်ရာရရှိ


၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့ ၁၆၃၀ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်၊ ရပ်စောက်-နောင်ချိုကားလမ်း မိုင်တိုင်(၁၈၁/၁၈၂) ကြား၌ ကျော်နိုင်ဦး၊ (၄၆)နှစ် မောင်းနှင်လာသည့် 3B-6533 Nissan ၁၀ ဘီးယာဉ်သည် ဘရိတ်ပေါက်၍ လမ်းဝဲဘက်ရှိ မြေသားနံရံအား တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရပါသည်။


အဆိုပါကားမှာ မင်းမင်းဦး ဦးဆောင်သော အလှသစ်ဇာတ်အဖွဲ့သားများကို တင်ဆောင်လာပြီးရှမ်းပြည်တောင်ပိုင်းမှ အပြန်တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပါသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၃၂ ဦးအနက်၊ ၆ ဦး(ကျား ၅၊ မ ၁)တို့တွင် ဦးခေါင်းကြေမွ၊ ပေါက်ပြဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး၊၂၃ ဦး (ကျား ၁၉၊ မ ၄)တို့တွင် ပွန်းပဲ့ပေါက်ပြဲဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ရပ်စောက်မြို့နယ် ကျောက်ဂူဆေးရုံနှင့် နောင်ချိုဆေးရုံတို့သို့ ပို့ဆောင်ခဲ့ပါသည်။

သေဆုံးသူများမှာ
၁။ ဦးဌေးဝင်း ဆိုင်းဆရာ
၂။ မြင့်မြတ်ဇော် မင်းသား
၃။ ဦးပြည်ကျော် နောက်ပိုင်းမင်းသား
၎။ ကိုလေချို ဒရမ်မာ
၅။ ဦးသန်းထိုက် မီးဆရာ
၆။ မြစန်းရီ မင်းသမီးတို့ ဖြစ်ကြောင်း သိရှိရပါသည်။


 ကျော်နိုင်ဦး(ဖမ်းမိ)အား ကျောက်ဂူနယ်မြေရဲစခန်း ယာဉ် (ပ) ၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန် နာကျင်စေမှု/ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သစ်ထူးလွင်
"အလှသစ်"ဇာတ်ပွဲကားတိမ်းမှောက်မှု ၆ ဦး သေ၊ ၂၃ ဦး ဒဏ်ရာရရှိ "အလှသစ်"ဇာတ်ပွဲကားတိမ်းမှောက်မှု ၆ ဦး သေ၊ ၂၃ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 12:47 Rating: 5
Powered by Blogger.