ဦးဝင်းမြင့် လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက်

ပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက်စာ တင်ထားတဲ့ ဦးဝင်းမြင့် ကို တွေ့ရစဉ်/ Photo: Win Ko Ko Latt/RFA
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ဟာ လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက်ကြောင်း မတ်လ ၂၁ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုး တင်ပြထားတယ်လို့ လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ဒီနေ့ကြေညာ ခဲ့ပါတယ်။

လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌနေရာကို အစားထိုးရွေးချယ်တင်မြှောက်သွားမယ်လို့လည်း ဦးတီခွန်မြတ်က ပြောကြားခဲ့ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က တာဝန်ယူကျင်းပခဲ့တာဖြစ်ပါတယ်။

ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ် ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ဒီနေ့ပဲ သမ္မတတာဝန်ကနေ နုတ်ထွက်သွားတဲ့ ဦးထင်ကျော်နေရာအတွက် နာမည်ထွက်နေသူတွေထဲမှာ ဦးဝင်းမြင့်လည်း ပါဝင်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဦးဝင်းမြင့် လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက် ဦးဝင်းမြင့် လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက် Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.