အမေရိကန် သမ္မတတွေအနက် သမ္မတ Trump ကျန်းမာရေး အဆင့် ၂၆ နေရာမှာရှိ


အမေရိကန် သမ္မတ Donald Trump က ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်ကြောင်း မကြာခင်က ပြောဆိုထားပြီး သူ့ရဲ့ ဆရာဝန်ကလည်း သူဟာ အကျန်းမာဆုံး သမ္မတ ဖြစ်မယ်လို့ ပြောဆိုထားပေမယ့်လည်း မနေ့ သမ္မတများနေ့ Presidents Day မှာ ထွက်လာတဲ့ စစ်တမ်းအသစ်မှာတော့ အမေရိကန် သမ္မတ ၄၄ ယောက်ထဲမှာ သမ္မတ Trump ရဲ့ ကျန်းမာရေး အဆင်က့ ၂၆ မှာ ရှိနေတာပါ။

အကျန်းမာဆုံး သမ္မတ အဖြစ်ကတော့ ၁၈၇၇ ခုနှစ်ကနေ ၁၈၈၁ ခုနှစ် အထိ တာဝန်ယူခဲ့တဲ့ သမ္မတ Rutherford B. Hayes ဖြစ်ပြီး ကျန်းမာရေး အတွက် အစားအသောက်ကို မျှမျှတတ စားသောက်တာ၊ အ၀မလွန်ဘဲ ဆေးလိပ် အရက် ရှောင်ကျဉ်သူ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရာထူးက အနားယူချိန်မှာ အသက် ၅၅ နှစ်သာ ရှိသေးတဲ့ သမ္မတ Barack Obama က အမေရိကန် သမ္မတတွေထဲ အကျန်းမာဆုံး နံပတ် ၂ နေရာမှာ ရှိနေပါတယ်။သမ္မတ အိုဘားမားကတော့ ဆေးလိပ်သောက်တာနဲ့ အိပ်တဲ့ အလေ့အကျင့် အာနည်းချက်ကြောင့် အဆင့် ၂ သာ ချိတ်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အမေရိကန် သမ္မတတွေအနက် သမ္မတ Trump ကျန်းမာရေး အဆင့် ၂၆ နေရာမှာရှိ အမေရိကန် သမ္မတတွေအနက် သမ္မတ Trump ကျန်းမာရေး အဆင့် ၂၆ နေရာမှာရှိ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.