ချမ်းအေးသာစံမြို့နယ်တွင် အဲယားကွန်း Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


ချမ်းအေးသာစံ ဖေဖော်ဝါရီ ၆

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၂၇ လမ်း၊၇၄×၇၅လမ်းကြား စိတ္တ မဟီရပ်ကွက်၊ အကွက်(၇၂၂) ရှိ ဦးစိုးမင်း၏ နေအိမ် အပေါ်ထပ်ရှိ အိပ်ခန်း အတွင်း အဲယားကွန်း Safe Guard အပူလွန်ကဲရာမှ ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ် က မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပေ(၂၅×၄၀) RC(၂)ထပ်တိုက် အပေါ်ထပ် (၁၀×၂၀)ပေ အိပ်ခန်းအတွင်း ရှိ အတွင်း ပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရသည်။


မီးလောင်ရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် မီးငြိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အုပ်ချုပ်မှူးယာဉ်(၂)စီး၊ သန္ဓေမီးသတ်(၃၀)ဦး၊ အရန်မီးသတ်(၅၀) နှင့် ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ရာ ညနေ ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် ဦးစိုးမင်းအား ချမ်းအေးသာစံ မြို့နယ် အမှတ်(၈) ရဲစခန်းမှ (ပ-၀၆၅/၂၀၁၈) ၊ ပုဒ်မ -၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ချမ်းအေးသာစံမြို့နယ်တွင် အဲယားကွန်း Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား ချမ်းအေးသာစံမြို့နယ်တွင် အဲယားကွန်း Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.