မြောက်ဦးဖြစ်စဉ်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သူ ၈ ဦးအနက် ၄ ဦးကို ချုပ်ရက်ရမန်ထပ်ယူ


မြောက်ဦး၊ ဖေဖော်ဝါရီ ၆

မြောက်ဦးဖြစ်စဉ်ကြောင့် သေနတ်ထိမှန် ဒဏ်ရာရရှိပြီး စစ်တွေထောင်ထဲတွင် ဖမ်းဆီးအရေး ယူခံထားရသူ ၈ ဦး အထဲမှ ၄ ဦးကို ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်) နံနက် ၁ဝ နာရီ အချိန်၌ စစ်တွေမြိုနယ် တရားရုံး၌ ထပ်ချုပ်ခွင့် ရမန် ရယူခဲ့သည်ဟု သတင်းရရှိသည်။

“ကျနော်တို့ကတော့ ဘာမှကို မသိလိုက်ရဘူး။ မေးမြန်းလို့တောင်မရဘူး။ မြောက်ဦးမှာ ထုတ်မယ်လို့ ကြားလို့ မြောက်ဦးကိုတောင် ရောက်နေတာပါ။ နောက်ဆုံးတော့ ၁ဝ နာရီ ၁ဝ မိနစ် လောက်မှာ စစ်တွေကနေ ဖုန်းဆက်လာတယ်။ စစ်တွေမြို့နယ် တရားရုံးမှာ တင်ဖို့ အချုပ်ကားထွက်သွားပြီးဆိုတာကို။ ဒီနေ့ စစ်တွေမှာ ရုံးထုတ် တာကတော့ ၄ ယောက်ကို ထုတ်တာပါ ” ဟု လူနာရှင်တစ်ဦး၏ ဖခင် ဖြစ်သူ ဦးအေးမောင်သိန်း က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယနေ့ ရမန်ယူ ရုံးထုတ်ရာတွင် ဒဏ်ရာရာသူ ၈ ဦးအနက် လက်ကို သေနတ်ကျည်ဆံ ထိမှန် ဒဏ်ရာ ရသူများ ဖြစ်ကြသည့် မောင်ထွန်းကျော်စိန်၊ ကျော်မင်းစိုး၊ မောင်ကျော်ဝင်းနိုင်နှင့် ဦးသန်းဇော်တို့ ဖြစ်ကြသည်ဟု သိရသည်။

လာမည့် ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ယခု ရမန်ယူသူ ၄ ဦးအပါအ၀င် ဖမ်းဆီးခံထားရသူ ၈ ဦးစလုံးကို ထပ်မံ ရုံးချိန်း ပေးလိုက်ကြောင်း သိရသည်။

သူတို့ ၈ ဦးသည် ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ် လူစုခွဲရာတွင် သေနတ်ထိမှန် ဒဏ်ရာရသူများဖြစ်သည်။

၎င်းတို့သည် မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခြံစည်းရိုးနှင့် ရုံးတွင်းရှိ ပစ္စည်းများကို ဖျက်စီးရာတွင် ပါဝင်သည်ဟုဆိုကာ ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီး အရေးယူ ခံနေကြများဖြစ်ကြောင်း သိရသည်။

နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးဖြစ်စဉ်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သူ ၈ ဦးအနက် ၄ ဦးကို ချုပ်ရက်ရမန်ထပ်ယူ မြောက်ဦးဖြစ်စဉ်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သူ ၈ ဦးအနက် ၄ ဦးကို ချုပ်ရက်ရမန်ထပ်ယူ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.