KIA သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးကောက်ခံသူများအား အရေးယူထား


နေပြည်တော်၊ ဖေဖော်ဝါရီ ၆

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၂ နာရီအချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မိုးကောင်းတံတားထိပ်၌ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ပါဝင် သည့် ပူးပေါင်းအဖွဲ့သည် KIA သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးကောက်ခံသူဟုသတင်းရရှိသူ KIA သောင်းကျန်းသူ ဒုတိုက်နယ်မှူးအဆင့်ရှိ ကာမိုင်းမြို့၊ ဆိုင်းဖရာကျေးရွာနေ ယိန်းဘောမ် (၂၃)နှစ်နှင့် မိုးကောင်းမြို့နယ်၊ ဈေးကုန်းရပ်ကွက်နေ မာဂ(ခ)မိုးကြီး(၃၃)နှစ် ပါ(၄) ဦးတို့အား ဆိုင်ကယ်(၃)စီးဖြင့် မောင်းနှင်လာသည်ကိုတွေ့ရှိသဖြင့် ခေါ်ဆောင်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက် အရ ဆက်ကြေးကောက်ခံရန် တာဝန်ပေးအပ်သူမှာ ဇော်ဂေါင် ဖြစ်ပြီး မိုးကောင်းမြို့၊ နတ်ကြီးကုန်း ပျော်လင့်ရပ်ကွက်ရှိ ဦးလတောင်ဂမ် ၏ နေအိမ်တွင် ရောက်ရှိနေကြောင်းသိရှိရသဖြင့် ပူးပေါင်း အဖွဲ့မှ သွားရောက်စစ်ဆေးရာ ဇော်ဂေါင် အား မတွေ့ရှိဘဲ လွန်ခဲ့သည့်(၁၅)ရက်မှစ၍ ရောက်ရှိ တည်းခိုနေသူ ကာမိုင်းမြို့နယ်၊ ကောင်ရာကျေးရွာနေ မုန်လျန်အောင်(၂၉)နှစ်အား ငွေကျပ် (၄၄၈,၀၀၀)နှင့် အတူတွေ့ရှိပြီး မုန်လျန်အောင်နှင့်အတူရှိသူ Lawt Aung မှာထွက်ပြေးသွား ခဲ့သည်။

 ထပ်မံစစ်ဆေးချက်များအရ Huawei ဖုန်း(၁)လုံးအား သိမ်းဆည်းရမိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ (၈)မိုင်ရွာနေ ဝါဆိုပြည့် (ခ)တူးမိုင်(၂၉)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ယိန်းဘောမ် ပါ(၆)ဦးနှင့် ဆိုင်ဒါတိုက်နယ်မှူး တူးမိုင် ပါ(၂)ဦး(ဖမ်းမမိ)တို့အား မိုးကောင်းမြို့မရဲစခန်း (ပ)၂၃/၂၀၁၈၊ မတရားအသင်းဥပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
KIA သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးကောက်ခံသူများအား အရေးယူထား KIA သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးကောက်ခံသူများအား အရေးယူထား Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.