မင်္ဂလာဒုံမြို့နယ်တွင် ကွန်ပရပ်ဆာဖြင့်ပစ်ရသော လေသေနတ်(၄)လက်နှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိသဖြင့် စိစစ်မှုများဆောင်ရွက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၆

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရှိ မန်းရွှေပြည်ကားဂိတ်၌ မန္တလေးမှ တင်ပို့သော ပါဆယ်ထုတ်တွင် လက်နက်ဟုယူဆရသော ပစ္စည်းများရောက်နေကြောင်း သတင်းအရ အောင်မင်္ဂလာရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းဖွဲ့မှ အောင်မင်္ဂ လာ နယ်မြေရဲကင်း၌ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်အတွင်းမှ ကွန်ပရက်ဆာဖြင့် ပစ်ရသော လေသေနတ်(၄)လက်၊ ရာဘာကျည်(၇၁၉)လုံး၊ မှန်ပြောင်း(၄)ခု၊ ပစ်မှတ်အဝိုင်း(၅)ခုပါ (၈)ထုပ်၊ သံအထိုင်ခုံ(၁)ခုနှင့် အခြား ဆက်စပ်ပစ္စည်းမျိုးစုံတို့အား တွေ့ရှိခဲ့သည်။

 ပူးပေါင်းအဖွဲ့မှ အဆိုပါ လေသေနတ်များနှင့်ပတ်သက်၍ ဂိတ်မှူး ဦးနေဝင်းနှင့် ဂိတ်စာရေး မစန္ဒာတို့အား မေးမြန်းရာ ပစ္စည်းများအား မန္တလေးမှ ရန်ကုန်သို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၉ နာရီအချိန် ထွက်လာသော 5N/×××× မန်းရွှေပြည်ယာဉ်ဖြင့် ကိုပိစိ အမည်ပါ ဖုန်းအမှတ် ၀၉-××××××× ဖြင့် ရောက်ရှိလာ ကြောင်း၊ မစန္ဒာမှ ကိုပိစိအား ပစ္စည်းများရောက်ကြောင်း ဖုန်းဆက်ခဲ့ရာ ကိုပိစိမှ ၎င်းပစ္စည်းများ အား နယူးရွှေလီ ကားဂိတ်မှ လာရောက်ထုတ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ နယူးရွှေလီကားဂိတ်မှ ဂိတ်ပိုင် ဦးသက်ထွန်းအား မေးမြန်းရာ ကိုပိစိ ပိုင်ဆိုင်သော ၎င်းပစ္စည်းများ အား မန်းရွှေပြည်ကားဂိတ်မှ ထုတ်၍ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ထွက်မည့် ကား ဖြင့် ထားဝယ်သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်းသိရှိရ၍ ကိုပိစိ(ခ)ကိုသောင်းရွှေ၏ ဖုန်းအား ဆက်သွယ်ခဲ့ရာ ၎င်းပစ္စည်းများအား ထားဝယ်ရှိ ပိုင်ရှင်ဖြစ်သူ ဦးအောင်နိုင် ထံ ပို့ရမည်ဖြစ် ကြောင်း၊ ၎င်းပစ္စည်းများအား မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်နေ နိုင်မိုးသွင်(၃၂)နှစ်ဖြင့် ဆက်သွယ်၍ တရုတ်ပြည်မှ အခွန်ပေးဆောင် တင်သွင်းခဲ့ကြောင်း၊ ဦးအောင်နိုင် ထံပို့ရန် မန္တလေးမှ ရန်ကုန်သို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၉ နာရီအချိန် ထွက်ခွာသော 5N/×××× ယာဉ်ဖြင့်ပို့ဆောင်ခဲ့ကြောင်းသိရပြီး အဆိုပါ ကွန်ပရက်ဆာဖြင့် ပစ်သော လေသေနတ် များအား မန္တလေးကန်တော်ကြီး ဝါးတားပါ့ခ် ကလေးကစားကွင်းတွင်(၄)လက်၊ မုံရွာရွိုင်ရယ်စီးတီး ကလေးကစားကွင်းတွင်(၄)လက်၊ ရန်ကုန်ပြည်သူ့ရင်ပြင် ရေလွှာလျောစီး ကလေးကစာကွင်းတွင် (၉)လက် တပ်ဆင်ထားသည်ဟု သိရှိရသည်။

 ပူးပေါင်းအဖွဲ့မှ စိစစ်အတည်ပြုရာ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှိ ရေလွှာလျောစီး ကလေးအားကစား ကွင်းတွင် အလားတူ ကွန်ပရက်ဆာဖြင့် ပစ်သောသေနတ်(၉)လက်အား ကလေးများ ပစ်ခတ်ကစားရန်အတွက် တပ်ဆင်ထားကြောင်း၊ မန္တလေးကန်တော်ကြီး ဝါးတားပါ့ခ် ကလေးကစားကွင်း တွင်လည်း အလားတူ တပ်ဆင်ထား ကြောင်းနှင့် မုံရွာရွိုင်ရယ်စီးတီး ကလေးကစားကွင်းတွင် တပ်ဆင်ထားခြင်း မရှိကြောင်း သိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ထားဝယ်မြို့ရှိ ပိုင်ရှင် ကိုအောင်နိုင်နှင့် ဆက်သွယ်ရန် မန္တလေးရှိ နိုင်မိုးသွင် ထံမှ အခွန်ပြေစာရရှိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

မင်္ဂလာဒုံမြို့နယ်တွင် ကွန်ပရပ်ဆာဖြင့်ပစ်ရသော လေသေနတ်(၄)လက်နှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိသဖြင့် စိစစ်မှုများဆောင်ရွက် မင်္ဂလာဒုံမြို့နယ်တွင် ကွန်ပရပ်ဆာဖြင့်ပစ်ရသော လေသေနတ်(၄)လက်နှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိသဖြင့် စိစစ်မှုများဆောင်ရွက် Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.