မန္တလေးမှာ မီးလောင် ၃ နှစ်ခန့် ကလေး တစ်ဦး မီးလောင်သေဆုံး

မန္တလေးမှာ မီးလောင်မှု ဖြစ်ပွား။ ။ ဓါတ်ပုံ - Than Htay
ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့် က မန္တလေး အောင်မြေသာစံမြို့နယ် 88x89 နှင့် 17x18 လမ်းကြား အကွက်အမှတ် (132) အိမ်ပိုင်ရှင်ဦးညိုသန်း (61)နှစ် ပေ(30x20)ပေ နေအိမ်အတွင်း Extension ပလပ်ခုံ ခံနိုင်ဝန်အား ထက်ပိုသုံးရာမှ အပူလွန်ကဲပြီး အနီးရှိမွှေ့ယာများ ကူးစက်မီးလောင်ကျွမ်း ၍ လူနေအိမ်တစ်လုံးဆုံးရှုံးကာ လူတစ်ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။
မန္တလေးမှာ မီးလောင်မှု ဖြစ်ပွား။ ။ ဓါတ်ပုံ - Than Htay
မောင်သူရိန်လင်း မီးလောင်သေဆုံး။ ။ ဓါတ်ပုံ - Thein Tun Aung
သေဆုံးသူမှာ အိမ်ပိုင်ရှင်၏ မြေး မောင်သူရိန်လင်း (3)နှစ်၊ မီးလောင် ဒဏ်ရာ ရ၍ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မီးစတင်သတင်းရ (19:25)
မီးထိန်း (19:30)
မီးငြိမ်း (19:35)

Than Htay
မန္တလေးမှာ မီးလောင် ၃ နှစ်ခန့် ကလေး တစ်ဦး မီးလောင်သေဆုံး မန္တလေးမှာ မီးလောင် ၃ နှစ်ခန့် ကလေး တစ်ဦး မီးလောင်သေဆုံး Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.