တရုတ် နိုင်ငံတော်ကောင်စီ အကြီးအကဲ ခြစားမှုနဲ့ အရေးယူခံရ


တရုတ် နိုင်ငံတော်ကောင်စီအတွင်းရေးမှူးချုပ်ဟောင်း Yan Jing ယန်ဂျင်း ကို အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သူ့ကို အခု ရာထူးက ချထားပြီး ပြစ်မှုတွေဝန်ခံရင် တခြားပြစ်ဒဏ်တွေ ထပ်မံချမှတ်မယ်လို့ ဆင်ဝှာသတင်းမှာ ဖေါ်ပြပါတယ်။

သူဟာ ရာထူးကို အလွဲသုံးစားပြုလုပ်ပြီး ဥပဒေ မလိုက်နာတဲ့ စီးပွားရေးသမားတွေနဲ့ ပေါင်းသင်းကာ ကိုယ်ကျိုးရှာခဲ့တယ်လို့ ဆိုပါတယ်။

ယန်ဂျင်း ဟာ တရုတ်အစိုးရ အဖွဲ့ဝင်ဖြစ်ယုံမျှမက ဒုတိယ သမတ တာဝန်အတွက်ပါ တချိန်က ထည့်သွင်း စဉ်းစား ခံခဲ့ရသူဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ် နိုင်ငံတော်ကောင်စီ အကြီးအကဲ ခြစားမှုနဲ့ အရေးယူခံရ တရုတ် နိုင်ငံတော်ကောင်စီ အကြီးအကဲ ခြစားမှုနဲ့ အရေးယူခံရ Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.