ဓနုဖြူ ဖေဖော်ဝါရီ ၁၈
ဓနုဖြူမြို့၊ အမှတ်(၁)ရပ်ကွက်၊ သုခလမ်းတွင်နေထိုင်သည့် ဒေါ်ခင်ခင်ရီ (၅၀)နှစ်သည် ဓားထိုးခံရ၍ ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် သေဆုံးသွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက်(၁း၀၀)နာရီအချိန်ခန့်က ဓနုဖြူမြို့၊အမှတ်(၁)ရပ်ကွက်၊ သုခလမ်းနေ ကိုရဲလင်းပိုင်သည် နေအိမ်၌ အိပ်နေစဉ် တစ်ခြံတည်းနေ သီးခြားအိမ်ဖြင့်နေထိုင်သည့် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ရီ ၏ နေအိမ်ဘက်တွင် ဆူညံသံများကြား၍ လန့်နိုးပြီးကြည့်ရာ ဒေါ်ခင်ခင်ရီနှင့် လွန်ခဲ့သော (၆)လခန့်က ကွဲကွာနေသည့် ခင်ပွန်းဖြစ်သူ (၁၇)ရပ်ကွက် နေဦးဝင်းစိန်မှ ထမင်းပေါင်းအိုးလာယူသည်ကို မပေးရာမှ စကားများရန်ဖြစ်ကြကာ အသင့်ယူဆောင်လာသော ဓားဖြင့်ထိုးလိုက်သည်ကို တွေ့မြင်ခဲ့ရကြောင်း ဦးဝင်းစိန်မှာ ထွက်ပြေးသွားသည်ကိုတွေ့ရှိရပြီး ဒေါ်ခင်ခင်ရီမှာ ဝဲဘက်ရင်အုံမှ သွေးများထွက်နေသည်ကိုတွေ့ရှိရ၍ သမီးဖြစ်သူ မဝေဝေပိုင်၊ သားမတ်ဖြစ်သူ ကိုဟိန်းစိုးတို့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းထံ အကြောင်းကြား၍ ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ရဲအုပ်ဌေးလှိုင်မြင့်မှ မှုခင်းစာရေးသားပေးပို့ပြီး ဆေးကုသမှုခံယူနေစဉ် ၂း၃၀ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။
ဦးဝင်းစိန်အား ဥပဒေအရ အရေးယူပေးရန် တူဖြစ်သူ ကိုရဲလင်းပိုင်မှ တရားလိုပြုလုပ်တိုင်းတန်းခဲ့သဖြင့် (ပ)၁၁၁/၂၀၁၈၊ ရာဇသက်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဓနုဖြူ မြို့မ ရဲစခန်းမှသိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဓနုဖြူမြို့နယ်တွင် ဓားထိုးမှုဖြစ်ပွား၍ သေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
07:17
Rating: