ကသာမြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနေသူအား လူတစ်စုဝိုက်ရိုက်၍ သေဆုံးမှုဖြစ်

ကသာဆေးရုံကနေ မန္တလေးဆေးရုံ အပို့မှာလမ်း၌ သေဆုံးခဲ့ပါတယ်။ Photo - Aye Lwin (Katha)
ကသာ ဖေဖော်ဝါရီ ၁၈

ကသာမြို့အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း အိမ်ငှားရမ်း နေထိုင်သူ ကိုညွန့်ဝင်ဆိုသူအား အမည်မသိ လူ ၃ ဦးမှ ဖေဖော်ဝါရီ ၁၇ရက်နေ့ ည ၉း၃၀ အချိန်တွင် လူတစ်စုမှဝိုင်းဝန်းရိုက်နက်ခဲ့ရာ အမဖြစ်သူ ဒေါ်လှလှဝင်း ၅၈ နှစ်မှ တွေ့မြင်သိရှိသဖြင့် ကသာမြို့မရဲစခန်းသို့ ညတွင်းချင်းသွားရောက် အမှုဖွင့်တိုင် ကြားခဲ့ရာ ကသာမြို့မရဲစခန်းမှ အမှုလက်ခံစစ်ဆေးခဲ့ပြီး ရဲဆေးစာနှင့်အတူ ကသာဆေးရုံးသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။

ထိုနောက် ဒဏ်ရာရရှိသူ ကိုညွန့်ဝင်း ၃၈ နှစ် အမှတ် ၂ရပ်ကွက် ကသာမြို့နေသူမှာ ညာဖက်မျက်ခုံးအပေါ် ၂ လက္မခန့်ပေါက်ပြဲ ဒဏ်ရာ တစ်ချက်ညာဖက်မျက်ခမ်းပေါက်ပြဲဒဏ်ရာ ၁ ချက် ၊ ညာနားနောက် ၂ လက်မခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက် တို့ရရှိခဲ့ခြင်းဖြစ်ပြီးရရှိသော ဒဏ်ရာမှာ စိုးရိမ်ရသဖြင့် ကသာပြည်သာဆေးရုံးမှ မန္တလေးပြည်သူဆေးရုံးသို့ လွှဲပြောင်းကုသရန် ပို့အပ်စဉ် လမ်းခုလတ်တွင်သေးဆုံးသွားကြောင်း တရားလိုအစ်မဖြစ်သူဒေါ်လှလှဝင်းမှ နံက် ၁၈.၂.၂၀၁၈ ရက်နေ့ ၅း၅၀ အချိန် ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ရာ ကသာမြို့မ ရဲစခန်းမှ မှုလအမှုရေးဖွင့်ခဲ့သည် ပထမ သတင်းပေး တိုင်တန်းချက်၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ မှ၃၀၂/၁၁၄ သို့ပြောင်းလဲအမှုဖွင့်လှစ်ခဲ့ပြီး စခန်းမှူး ကိုယ်တိုင် စုံစမ်းဖော်ထုတ်စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ကသာမြို့နေ အမှန်းတရားကို လိုလားသူများ အနေဖြင့်မိမိတို့တွေ့မြင်သိရှိမှုများအား ရဲတပ်ဖွဲ့သို့ ဖုန်း ၀၉ ၄၃၁၅၆၃၆၁ ဒုရဲမှူး ဥာဏ်ထွန်း၀၉ ၄၄၄၈၉၀၅၆၆ ရဲအုပ်မင်းသန်းထိုက ၀၉ ၄၂၈၁၇၂၁၉၆ ဒုရဲအုပ် ချစ်ဝင်းလတ် ၀၇၅၂၅၀၁၅ / ၁၉၉ ရဲစခန်းဖုန်းသို့ လျှိဝှက်စွာဆက်သွယ်သတင်းပေးစေလိုကြောင်း အကြောင်းကြားထားသည်။

 တရားလိုဒေါ်လှလှဝင်းက အခင်းဖြစ်ချိန်တွင် မောင်ဖြစ်သူ ကိုညွန်းဝင်းအားစောင့်ဆိုင်းနေစဉ် အမည်မသိ သူလူ ၃ ဦးမှ ၂ ချက်ခန့်ရိုက်လိုက်ပြီး အဆိုပါ ၃ ဦးအနက် ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် အမှတ် ၂ ရပ်ကွက်ရှေ့ ဗလီလမ်းကြားအတိုင်းမောင်းပြေးသွားပြီး ကျန် ၁ ဦး မှာ ဆိုင်ကယ် ၁ စီးဖြင့် မြောက်ဖက် မှတောင်ဖက်သို့ မောင်းပြေးသွား သည်ကိုတွေ့မြင်သိရှိလိုက်သဖြင့် ည ၁၂း၃၀ အချိန်တွင် ဒေါ်လှလှဝင်းက ကသာမြို့မရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့သည်ဟုလည်းသိရသည်။

ငွေအိုး(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကသာမြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနေသူအား လူတစ်စုဝိုက်ရိုက်၍ သေဆုံးမှုဖြစ် ကသာမြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနေသူအား လူတစ်စုဝိုက်ရိုက်၍ သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 07:17 Rating: 5
Powered by Blogger.