ပင်လယ်ရေထဲမှ ဆယ်ယူလာသော ဆောင်းခိုငှက်ကြီးအား ကျန်းမာရေးကောင်းမွန်၍ ပြန်လည်လွှတ်ပေးခဲ့


ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၎

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ကံချိုင်ကျေးရွာအုပ်စု ကျားတန်း(၂)ရပ်ကွက်၌ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက ပင်လယ်ရေထဲသို့ ပြုတ်ကျနေသော ဆောင်းခိုငှက်ကြီး တစ်ကောင်ကို ရေလုပ်သားနှစ်ဦးက ဖမ်းဆီးလာကာ ခေတ္တထိန်းသိမ်းထားရှိရာ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန်လာသဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။

ကံချိုင်ကျေးရွာအုပ်စု ကျားတန်း(၂)ရပ်ကွက်တွင် နေထိုင် သော ကိုဇော်ဇော်နှင့် ကိုစံလင်းထွန်းတို့နှစ်ဦးသည် ပင်လယ်ပြင် သို့ ငါးဖမ်းထွက်သွားပြီး ပြန်လာရာ မော်တင်စွန်းအငူနှင့် လိပ်ကျွန်း(သမီးလှကျွန်း)အကြားတွင် ငှက်ကြီးတစ်ကောင် ဝဲပျံနေသည်ကို တွေ့ရကြောင်း၊ ငှက်ကြီးမှာ ပင်လယ်ရေပြင်ပေါ် သို့ ပြုတ်ကျလာကာ တောင်ပံများ ရေစိုနေ၍ မပျံသန်းနိုင်တော့ သဖြင့် ဖမ်းခေါ်လာခဲ့ကြောင်း၊ ယင်းငှက်ကြီးကို ကျားတန်း(၂) ရပ်ကွက်ရှိ ဦးဝင်းနောင်၏ခြံထဲတွင် ခေတ္တထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ငှက်ကြီးမှာ ဟိုင်းကြီးကျွန်းဒေသတွင် ကျင်လည် ကျက်စားသော ငှက်မျိုးစိတ် မဟုတ်ကြောင်း၊ ဆောင်းရာသီ တွင် ပြောင်းရွှေ့သွားလာတတ်သည့် ဆောင်းခိုငှက်တစ်မျိုး ဖြစ်ပြီး ဒေသခံအများစုက လင်းတငှက်ဟုခေါ်ကြကြောင်း၊ အဆိုပါဆောင်းခိုငှက်အမျိုးအစားကို လည်ရှည်အနီရောင်နှင့် လည်ရှည် အဖြူရောင်မျိုးစိတ် နှစ်မျိုးရှိကြောင်း၊ ယခုတွေ့ရသော ငှက်ကြီးမှာ လည်ရှည်အဖြူရောင်မျိုးစိတ် ဆောင်းခိုငှက်ကြီးမျိုး ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း ကြည့်ရာတွင် ယင်းငှက်ကြီးအမျိုးအစားကို မသိရှိကြောင်း၊ ၄င်းငှက်ကြီးမှာ ကျန်းမာရေးကောင်းမွန်လာသည့်အတွက် ကျားတန်း(၂)အနီး ပင်လယ်ကမ်းစပ်တွင် ပြန်လည်လွှတ်ပေး ခဲ့ရာ ငှက်ကြီးမှာ ကောင်းမွန်စွာ ပျံသန်းသွားသည်ကို တွေ့ရ သည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပင်လယ်ရေထဲမှ ဆယ်ယူလာသော ဆောင်းခိုငှက်ကြီးအား ကျန်းမာရေးကောင်းမွန်၍ ပြန်လည်လွှတ်ပေးခဲ့ ပင်လယ်ရေထဲမှ ဆယ်ယူလာသော ဆောင်းခိုငှက်ကြီးအား ကျန်းမာရေးကောင်းမွန်၍ ပြန်လည်လွှတ်ပေးခဲ့ Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.