သက်ဆိုင်ရာဝန်ထမ်းများ မဟုတ်ဘဲ တရားမဝင်ငွေကြေး ကောက်ခံနေသူများကို တားမြစ်ပေးစေလို


သုဝဏ္ဏဝတီ ဖေဖော်ဝါရီ ၎

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် သိမ်ဆိပ်-ပိန္နဲတော-လေးကေ (မြို့နယ်ချင်းဆက်) လမ်းဝလမ်းဆုံတွင် သစ်တောဌာနအတွက်ဟု ဆိုကာ သစ်တောဝန်ထမ်း မဟုတ်သူများက သစ်၊ ဝါး၊ ဖက်၊ ထင်းကားများကို တရားမဝင် ငွေကောက်ခံနေမှုများ ရှိနေသည်ဟု သိရသည် ။
''ဒီကိစ္စက ကြာနေပြီ၊ နေ့ရော ညပါ တရားလွန်ပါတယ်၊ စီးပွားရေးလုပ်တာ မဟုတ်ဘဲ လယ်ထဲမှာ တဲဆောက်ဖို့ ဝါး၊ မျော၊ ဖက်၊ ထင်းတွေကို ထော်လာဂျီနဲ့တင်ပြီး သွားတာတောင် တစ်စီးကို ငွေကျပ် ၃ဝဝဝ၊ ၅ဝဝဝ ပေးရတယ်''ဟု သထုံမြို့နယ် မရမ်းကုန်းကျေးရွာမှ လယ်ယာလုပ်ကိုင်သူတစ်ဦးက ပြောသည်။

အဆိုပါနေရာ၌ ငွေကြေးကောက်ခံနေသူများသည် သစ်တောဝန်ထမ်းများ မဟုတ် ဘဲ အရပ်သားများသာဖြစ်ပြီး ၄င်းတို့က သစ်တောဌာနမှ ခိုင်း၍ ငွေကြေးကောက်ခံနေ ခြင်းဖြစ်ကြောင်း ပြောဆို၍ ငွေကြေးများ ကောက်ခံနေကြောင်း သိရသည့်အပြင် ပေးဆောင်သူအများစုက ကျေနပ်ခြင်း မရှိကြသဖြင့် အဆိုပါ ငွေကြေးကောက်ခံနေမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ဆောင်ရွက်ပေးစေလိုကြောင်း ပြည်သူများထံမှ သိရသည် ။‌

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သက်ဆိုင်ရာဝန်ထမ်းများ မဟုတ်ဘဲ တရားမဝင်ငွေကြေး ကောက်ခံနေသူများကို တားမြစ်ပေးစေလို သက်ဆိုင်ရာဝန်ထမ်းများ မဟုတ်ဘဲ တရားမဝင်ငွေကြေး ကောက်ခံနေသူများကို တားမြစ်ပေးစေလို Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.