ကူဝိတ်မှာ အသတ်ခံရတဲ့ ဖိလိပိုင် အမျိုးသမီးအလောင်း မိသားစု လက်ခံရရှိ


ကူဝိတ်နိုင်ငံမှာ သွားရောက်အိမ်ဖော်လုပ်နေရင်း အသတ်ခံရတဲ့ ဖိလိပိုင် အမျိုးသမီးရဲ့ ရုပ်အလောင်းဟာ ဒီနေ့ ဖိလိပိုင်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပါတယ်။

အသက် ၂၉ နှစ်ရွယ် အဲဒီအမျိုးသမီးဟာ ကူဝိတ်နိုင်ငံမှာ အလုပ်သွားလုပ်နေပြီး အခုလ စောစောပိုင်းက သူ့အလောင်းကို ဖရီဇာ ရေခဲသေတ္တာထဲမှာ ထည့်ထားတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။

သူ့ရဲ့အလုပ်ရှင် လက်ဘနွန်နိုင်ငံသားနဲ့ ဇနီးသည်တို့ကတော့ ၂၀၁၆ ခုနှစ်ကတည်းက ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဒီလူသတ်မှု သတင်းကြောင့် ဖိလိပိုင်နဲ့ ကူဝိတ် နှစ်နိုင်ငံကြားမှာလည်း ဆက်ဆံရေးတင်းမာလာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသား အလုပ်သမားတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေရှိတယ်ဆိုတဲ့ မကြာခဏသတင်းတွေကြောင့် ကူဝိတ်နိုင်ငံကို အလုပ်သမားတွေ ထပ်မပို့ဖို့ သမ္မတ ဒူတာတေးက အရင်တပတ်ကပဲ အမိန့်ထုတ်ပြန် တားမြစ်ခဲ့ပါတယ်။

ကူဝိတ်နိုင်ငံမှာ အိမ်ဖော်နဲ့ ဆောက်လုပ်ရေးလုပ်သားတွေအဖြစ် အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂ သိန်းခွဲလောက်ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကူဝိတ်မှာ အသတ်ခံရတဲ့ ဖိလိပိုင် အမျိုးသမီးအလောင်း မိသားစု လက်ခံရရှိ ကူဝိတ်မှာ အသတ်ခံရတဲ့ ဖိလိပိုင် အမျိုးသမီးအလောင်း မိသားစု လက်ခံရရှိ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.